ချယ်လ်ဆီးနှင့် အာဆင်နယ်တို့၏ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် ABBA ပင်နယ်တီစနစ်သစ်ကို စမ်းသပ်အသုံးပြုမည်

ချယ်လ်ဆီးနှင့် အာဆင်နယ်တို့၏ ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် ABBA ပင်နယ်တီစနစ်သစ်ကို စမ်းသပ်အသုံးပြုမည်

သြဂုတ် ၄၊ အင်္ဂလန် ။         ။ ချယ်လ်ဆီးနှင့် အာဆင်နယ်တို့ ယှဉ်ပြိုင်ကစားမည့် ကွန်မြူနတီဒိုင်းပြိုင်ပွဲတွင် မိနစ် ၉၀ အတွင်း သရေကျခဲ့ပါက ABBA ပင်နယ်တီစနစ်သစ်ကို စမ်းသပ်အသုံးပြုမည်ဖြစ်ကြောင်း FA က ထုတ်ပြန်ကြေညာလိုက်သည်။

ယခင်က ပင်နယ်တီကန်သွင်းရာတွင် တစ်လှည့်စီကန်သွင်းသည့်စနစ် AB AB ကိုသာ ကျင့်သုံးခဲ့သော်လည်း ယခု ဒုတိယပင်နယ်တီကန်သွင်းသည့်အသင်းအတွက် ပိုမိုတရားမျှတမှု ရှိစေရန် ABBA စနစ်သစ်ကို ကျင့်သုံးခြင်းဖြစ်ကြောင်း အက်ဖ်အေက ဆိုသည်။

ABBA ပင်နယ်တီကန်သွင်းသည့်စနစ်သည် တင်းနစ်ပြိုင်ပွဲများတွင် Tie Break ရိုက်သည့်စနစ်ကို အခြေခံထားခြင်းဖြစ်သည်။ AB AB စနစ်အစား ABBA ABBA ပုံစံဖြင့် ကန်သွင်းမည် ဖြစ်သည်။

“အက်ဖ်အေအနေနဲ့ ဒီနေ့မှာ ကြေညာအပ်ပါတယ်။ McDonald က စပွန်ဆာပေးထားတဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ ABBA ပင်နယ်တီစနစ်သစ်ကို ကျင့်သုံးသွားမှာပါ။ ဒါက ဒီအင်္ဂလန်နိုင်ငံအတွင်း ကျင်းပတဲ့ ပြိုင်ပွဲတွေမှာ ပထမဆုံးဖြစ်ပါတယ်” ဟု အက်ဖ်အေက ကြေညာချက်တွင် ပါရှိသည်။

ထိုပင်နယ်တီစနစ်သစ်ကို ယခုနှစ် အင်္ဂလန်ပြည်တွင်းပြိုင်ပွဲအားလုံးတွင် ကျင့်သုံးသွားဖွယ်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly