H1N1​ ရောဂါ​ပျောက်​ကင်​းသူ ​၂၈ဦးရှိလာပြီး ဖြစ်ပွားသူ ၁၁၀ဦးအထိ ရှိလာ

H1N1​ ရောဂါ​ပျောက်​ကင်​းသူ ​၂၈ဦးရှိလာပြီး ဖြစ်ပွားသူ ၁၁၀ဦးအထိ ရှိလာ
ရာသီတုပ်ကွေး A(H1N1)ပိုး ကာကွယ်ရန် နှာခေါင်းစည်းများ တတ်ဆင်နေရသော ပြည်သူများ တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်​ကုန်​၊သြဂုတ်​၃ ။            ။ ရာသီတုပ်ကွေး A(H1N1)ပိုး​တွေ့ရှိသူ လူနာများအနက်​မှ ​ရောဂါပိုး​ပျောက်​ကင်​းပြီးရ​ုံမှ ဆင်​းနိုင်​သူ သြဂုတ်လ ၃ ရက်အထိ ၂၈ဦးရှိခဲ့​ကြောင်​း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ယနေ့ ထုတ်ပြန်သည်​။

ရောဂါတွေ့ရှိသူများနှင့် သေဆုံးသူများစာရင်းများ ထုတ်ပြန်အပြီး ပျောက်ကင်းသူများစာရင်းကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဇူလိုင်လ(၂၁) ရက်နေ့မှ သြဂုတ်​လ ၃ ရက်​ ​နေ့လည်​၂နာရီအထိ H1N1 လူနာ ၁၁၀ ဦး ရှိနေသည်။ ယမန်နေ့က ၉၉ ဦးတွေ့ရှိပြီး ၂၄ နာရီအတွင်း အတည်ပြုလူနာ ၁၁ ဦး တိုးလာခြင်း ဖြစ်သည်။

လတ်တလောပြင်းထန် အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ဆေးရုံတက်ရောက်ကုသသူစုစုပေါင်းလူနာ (၃၀၅) ဦးရှိခဲ့ပြီး ယမန်နေ့က ဆေးရုံ တက်ရောက်ကုသသူစုစုပေါင်းလူနာ (၂၈၄) ဦးရှိခဲ့သည်။

အထူးကုဆေးရုံကြီး (ဝေဘာဂီ) တွင် H1N1 ပိုးတွေ့ အတွင်းလူနာ (၂၆) ဦး၊ အခြားတိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံကြီးများတွင် ပိုးတွေ့အတွင်းလူနာ (၃၇) ဦး၊ စုစုပေါင်း (၆၃) ဦး ဆက်လက် ဆေးဝါးကုသမှုခံယူလျက်ရှိသည်​။

သြဂုတ်​၃ရက်​​အထိ တစ်နိုင်ငံလုံး၌ စုစုပေါင်းသေဆုံးသူ (၁၄) ဦးရှိ​နေပြီး အသက်​ရှုလမ်​း​ကြောင်​းပိုးဝင်​လူနာ(၃၀၅)ဦးနှင့် အချိုးချတွက်​ချက်​ကာ သေဆုံးမှုနှုန်းမှာ (၄.၆) ရာခိုင်နှုန်းရှိ​​​နေသည်​ဟု ယ​နေ့သြဂုတ်​၃ရက် ညတွင်​ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်​ပြန်​ထားသည်​။

၂၀၁၇မေလ(၁) ရက်နေ့မှ ဇူလိုင်လ(၂၃)ရက်နေ့အထိ (၃)လခန့်ကာလအတွင်း ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A(H1N1)pdm09) ဖြစ်ပွားမှုမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သည့် တရုတ်နိုင်ငံတွင် (၃၀၆၈) ဦး၊ အိန္ဒိယနိုင်ငံတွင် (၃၁၉) ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် (၂၅၆) ဦး၊ စင်ကာပူနိုင်ငံတွင် (၈၀) ဦးနှင့် ထိုင်း နိုင်ငံတွင် (၅၉) ဦးတို့ ဖြစ်ပွားခဲ့ကြောင်း တွေ့ရှိရပြီး ပုံမှန်အားဖြင့် အပူပိုင်းဒေသနိုင်ငံများ၌ တစ်နှစ်ပတ်လုံး ဖြစ်ပွားလေ့ရှိသော ရောဂါဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ FluNet Website တွင် ဖော်ပြထားချက်အရသိရသည်​ ဟုကျန်​းမ​ာ​ရေးနှင်​့အားကစားဝန်​ကြီးဌာနမှ ထုတ်​ပြန်​ထားသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly