လူထုထောက်ခံမှုပြန်ရဖို့ ရည်ရွယ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း

လူထုထောက်ခံမှုပြန်ရဖို့ ရည်ရွယ်ပြီး ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်း

သြဂုတ် ၃ ။             ။ လက်ရှိကာလမှာ လူထုထောက်ခံမှုနှုန်း အနိမ့်ဆုံးထိ ကျဆင်းနေတာကနေ ပြန်လည်တိုးတက်လာနိုင်ဖို့ ရည်ရွယ်တဲ့အနေနဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ၎င်းရဲ့ အစိုးရအဖွဲ့ကို ပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

၀န်ကြီးချုပ် အာဘေးအနေနဲ့ ယခုလို အစိုးရအဖွဲ့အတွင်း အဓိကကျတဲ့ဝန်ကြီးနေရာတွေကို ပြောင်းလဲခန့်အပ်လိုက်ခြင်းနဲ့အတူ လူထုထောက်ခံမှု ပြန်လည်ရရှိလာနိုင်အောင် ကြိုးစားလိုက်ခြင်းလည်း   ဖြစ်ပါတယ်။

ယခု အစိုးရအဖွဲ့ ပြင်ဆင်ဖွဲ့စည်းမှုမှာတော့ ကာကွယ်ရေးဝန်ကြီးနေရာကိုတော့ ယခင်ကာကွယ်ရေးဝန်ကြီးဟောင်း အီဆူနိုရီ အိုနိုဒီရာကို မစ္စတာ ရှင်ဇိုအာဘေးက ပြန်လည်ခန့်အပ်ခဲ့ပါတယ်။

အလားတူ နိုင်ငံခြားရေးဝန်ကြီးဟောင်းတစ်ဦးရဲ့ သားဖြစ်သူ တာရို ကိုနိုဟာလည်း ယခု အာဘေးအစိုးရအဖွဲ့ရဲ့ နိုင်ငံခြားဝန်ကြီးသစ်အဖြစ် ခန့်အပ်ခံခဲ့ရတယ်လို့ သိရပါတယ်။

ယခု ပြင်ဆင်ဖွဲ့စည်းမှုမှာတော့ ကုန်သွယ်ရေးဝန်ကြီး ဟီရိုရှီဂျီ ဆီကို နဲ့ အစိုးရအဖွဲ့အတွင်းရေးမှူးချုပ် ယိုရှီဟိုက် ဆူဂါတို့ကလည်း ဝေဖန်မှုတွေရှိနေလင့်ကစား ၎င်းတို့ရဲ့မူလနေရာတွေမှာ ဆက်ရှိနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly