နေမာပုံပါ၀င်သည့် ပိုစတာများကို နူးကမ့်ကွင်းဝန်ထမ်းများ ဖယ်ရှားပြီး အသစ်ပြန်လည် တပ်ဆင်နေ

နေမာပုံပါ၀င်သည့် ပိုစတာများကို နူးကမ့်ကွင်းဝန်ထမ်းများ ဖယ်ရှားပြီး အသစ်ပြန်လည် တပ်ဆင်နေ

သြဂုတ် ၃၊ စပိန် ။            ။ ပီအက်စ်ဂျီအသင်းသို့ နေမာပြောင်းရွှေ့ရန် သေချာသွားခဲ့ပြီးသည့်နောက် ဘာစီလိုနာအသင်းပိုင် နူးကမ့်ကွင်း၏ ၀န်ထမ်းများသည် နေမာပုံပါ၀င်သော ပိုစတာများကို ဖယ်ရှားနေပြီ ဖြစ်သည်။

ဘာစီလိုနာကွင်းဝန်ထမ်းများသည် အပြောင်းအရွှေ့သေချာသွားခဲ့ပြီးနောက် အချိန်ဆိုင်းနေခြင်းမရှိဘဲ နူးကမ်းကွင်းပတ်ဝန်းကျင်ရှိ နေမာပုံပါ၀င်သောပိုစတာများကို ဆုတ်ဖြဲကာ ၎င်းမပါ၀င်သည့်ပုံများဖြင့်အစားထိုးလျက်ရှိနေကြသည်။

နေမာသည် ပီအက်စ်ဂျီအသင်းသို့ ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးဖြင့် ပြောင်းရွှေ့မည်ဖြစ်ပြီး ယခုအချိန်တွင် ဆေးစစ်မှုခံယူရန် ပေါ်တူဂီနိုင်ငံ၊ ပေါ်တိုမြို့သို့ ရောက်ရှိလျက်ရှိသည်။

ပီအက်စ်ဂျီအသင်းက နေမာ၏ မိတ်ဆက်ပွဲအခမ်းအနားကို ပဲရစ်မြို့လယ်ခေါင်တွင်ကျင်းပရန် စီစဉ်လျက်ရှိပြီး မြို့တော်ဝန်ကိုပင် အကြောင်းကြားပြီးပြီ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly