ဘုရင်မကြီး အယ်လိဇဘတ်၏ ကြင်ယာတော်မင်းသားကြီး ဖိလစ် တော်ဝင်တာဝန်မှ နောက်ဆုံး အနားယူ

ဘုရင်မကြီး အယ်လိဇဘတ်၏ ကြင်ယာတော်မင်းသားကြီး ဖိလစ် တော်ဝင်တာဝန်မှ နောက်ဆုံး အနားယူ

လန်ဒန်၊ သြဂုတ် ၃ ။            ။ ဗြိတိန်ဘုရင်မကြီး အယ်လိဇဘတ်၏ ကြင်ယာတော် မင်းသားကြီး ဖိလစ်သည် တော်ဝင်တာဝန်မှ အနားယူပြီဖြစ်ရာ နောက်ဆုံးပြည်သူ့ တွေ့ဆုံမှုကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့သည်။

မိုးတစ်ဖောက်ဖောက် ရွာနေစဉ် အသက် ၉၆ နှစ်ရှိ မင်းသားကြီး ဖိလစ်က စစ်ရေးပြချီတက်မှုကို ကြည့်ရှုကြီးကြပ်ခဲ့သည်။

မိုးရေအောက်တွင် မိုးကာအကျီင်္နှင့် ဦးထုပ်တို့ဖြင့် အီဒင်ဘတ်ချ်မြို့စားကြီး ဖိလစ်က ၄င်းထက် အသက်အားဖြင့် များစွာ ငယ်ရွယ်ကြသူ အများစုပါဝင်သည့် တော်ဝင်ရေတပ် တပ်သားများနှင့် စစ်ပြန်ဟောင်းများကို တွေ့ဆုံခဲ့သည်။

ယင်းနောက်တွင် ဘတ်ကင်ဟမ်နန်းတော်ရှေ့တွင် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကို ခံယူသည်။

တုတ်ထိုးအိုးပေါက် ပြောတတ်ဆိုတတ်ကာ တစ်ခါတစ်ရံ နိုင်ငံရေးပြက်လုံးများကြောင့် ထင်ရှားကျော်ကြားမှု ရှိသည့် မင်းသားကြီး ဖိလစ်အတွက် နန်းတော်ဝင်း ဂိတ်ပေါက်များ အပြင်ဖက်တွင် ထီးကိုယ်စီဖြင့် ဆုမွန်ကောင်းတောင်းပေးကြသူ ရာပေါင်းများစွာက ကောင်းချီးပေးကြသည်။

ယခုအခမ်းအနားသည် ဇနီးဖြစ်သူ ၁၉၅၂ ခုနှစ် ထီးနန်းစိုးစံချိန်မှစပြီး ရေတပ်အရာရှိဟောင်းတစ်ဦးလည်းဖြစ်သော မင်းသားကြီးဖိလစ်၏ အကြိမ် ၂၂၂၁၉ ကြိမ်မြောက် နောက်ဆုံးလူထုတွေ့ဆုံမှုလည်း   ဖြစ်သည်။

မင်းသားကြီး ဖိလစ်သည် လူမှုစာနာရေး ရန်ပုံငွေ မြှင့်တင်ရေးအတွက်လည်း ခြေလျင်ခရီး ၁၆၆၄ မိုင် လျှောက်လှမ်းခဲ့သူလည်း ဖြစ်သလို အဖွဲ့အစည်းပေါင်း ရ၈၀ ကျော်ထက်မနည်းတွင်လည်း ကူညီပံ့ပိုးသူ၊ အကြီးအကဲ၊ အဖွဲ့ဝင် စသည်ဖြင့် ပါဝင်ခဲ့သူဖြစ်သည်။

ပြည်ပခရီးစဉ်ပေါင်း ၆၃၇ ခု သွားရောက်ခဲ့ဖူးပြီး မိန့်ခွန်းပေါင်း ၅၅၀၀ နီးပါး ဟောပြောခဲ့သည်။

တော်ဝင်တာဝန်မှ အနားယူတော့မည်ဖြစ်ကြောင်းကို မင်းသားကြီးဖိလစ်က မေလအတွင်းက ကြေညာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly