အာဖဂန်နစ္စတန်၌ နေတိုးတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်စစ်သား ၂ဦးသေဆုံး

အာဖဂန်နစ္စတန်၌ နေတိုးတပ်ဖွဲ့ယာဉ်တန်း တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်စစ်သား ၂ဦးသေဆုံး

၀ါရှင်တန်၊ သြဂုတ် ၂ ။           ။ အာဖဂန်နစ္စတန်တောင်ပိုင်းရှိ ကန်ဒါဟာခရိုင်အတွင်း၌ ဗုဒ္ဓဟူးနေ့က နေတိုးတပ်ဖွဲ့ယာဉ်တန်းတစ်ခု ကားဗုံး ထောင်ဖောက်ခွဲ တိုက်ခိုက်ခံရမှုကြောင့် အမေရိကန်စစ်သား ၂ဦး သေဆုံးခဲ့ရကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ကြေညာခဲ့သည်။

“အာဖဂန်နစ္စတန်မှ ကန်ဒါဟာခရိုင်အတွင်းမှာ စစ်ယာဉ်တန်းတိုက်ခိုက်ခံရမှုကြောင့် အမေရိကန်တပ်သား ၂ဦး သေဆုံးခဲ့ပါတယ်” ဟု ပင်တဂွန်မှ ပြောရေးဆိုခွင့်ှရှိသူ အမေရိကန်ရေတပ် ဗိုလ်မှူးကြီး ဂျက်ဖ်ဒေးဗစ်က ပြောခဲ့ သည်။

ဒါ့အပြင် Military Times သတင်းစာမှ ထုတ်ဝေသော စာစောင်ထဲတွင် အသေးစိတ်အချက်အလက်များကို ဖော်ပြသွားမည်ဖြစ်ကြောင်း သူကဖြည့်စွက်ပြောကြားခဲ့သည်။

ထိုအသေခံကားဗုံးဖောက်ခွဲမှုကို အာဖဂန်အတွင်းရှိ တာလီဘန်သူပုန်များက ကန်ဒါဟာခရိုင်အတွင်းရှိ ရဲတပ်ဖွဲ့ နယ်မြေ ၅ တွင် ဒေသစံတော်ချိန် နေ့လည် ၁၂:၂၀ နာရီခန့်၌ ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အာဖဂန်နစ္စတန်နိုင်ငံအတွင်း၌ နေတိုးတပ်ဖွဲ့ဝင်ပေါင်း ၁၃၀၀၀ ခန့်ရှိပြီး ထိုထဲမှ အမေရိကန်တပ်သား ၈၄၀၀ ခန့်သည် ကာဘူးလ်အစိုးရ၏ အကြမ်းဖက်ဝါဒ ဆန့်ကျင်မှုစစ်ဆင်ရေးများ၌ ပါ၀င်ကူညီနေကြသည်။

ဒေါ်နယ်ထရမ့်အစိုးရအဖွဲ့သည် အာဖဂန်နစ္စတန်အတွင်းရှိ အမေရိကန်တပ်ဖွဲ့များ၏ ဗျူဟာအသစ်များကို လေ့လာလျက်ရှိနေပြီး အတ္တလန်တိတ်မဟာမိတ်အဖွဲ့ကလည်း အာဖဂန်အတွင်းသို့ တပ်ဖွဲ့များကို ပိုမိုစေလွှတ် ပေးရန် ၄င်း၏အဖွဲ့ဝင်နိုင်ငံများကို တောင်းဆိုထားသည်။

အာဖဂန်နစ္စတန်မှ အမေရိကန် အထူးရဲမှူးကြီး၏အဆိုအရ တာလီဘန်များသည် အာဖဂန်အတွင်းရှိ နယ်မြေ စုစုပေါင်း ၄၀ ရာခိုင်နှုန်းခန့်ကို ထိန်းချုပ်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly