ရိုးမား ဂန္တဝင်ကစားသမားကြီး တော့တီရဲ့ နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ ဂျာစီအကျင်္ီကို အာကာသထဲသို့ လွှင်တင်

ရိုးမား ဂန္တဝင်ကစားသမားကြီး တော့တီရဲ့ နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ ဂျာစီအကျင်္ီကို အာကာသထဲသို့ လွှင်တင်
(ဓာတ်ပုံ - ရိုးမား)

ရိုးမားအသင်းဟာ ကလပ်ဂန္ထဝင်ကစားသမားကြီး ဖရန်စစ္စကို တော့တီ နောက်ဆုံးဝတ်ဆင်ခဲ့တဲ့ ဂျာစီအကျင်္ီကို အာကာသထဲသို့ လွှင်တင်လိုက်ခြင်းဖြင့် ကစားသမားကို ဂုဏ်ပြုခဲ့ကြောင်း သိရပါတယ်။

အသက် ၄၀ ရှိပြီဖြစ်တဲ့ ကစားသမားဟာ မေလက အနားမယူခင်အချိန်ထိ ၎င်းရဲ့ ကစားသမားဘဝတစ်လျှောက်လုံးကို အီတလီကလပ်မှာ ၂၄ နှစ်ကြာ ကစားခဲ့ပါတယ်။

ဒုံးပျံတစ်စင်းဟာ အင်္ဂါနေ့က ကစားသမားရဲ့ နောက်ဆုံးကစားခဲ့တဲ့ ဂျီနိုအာနဲ့ ပွဲမှ အထင်ကရ ဂျာစီ နံပါတ် ၂၀ အကျင်္ီကို သယ်ဆောင်သွားခဲ့ပြီး ပြင်သစ်ဂိုင်ယာနာကနေ အောင်မြင်စွာ လွှင်တင်ခဲ့ပါတယ်။

တိုက်စစ်ကစားသမားဟာ ၁၉၉၃ ခုနှစ် အသက် ၁၆ နှစ်အရွယ်က ရိုးမားအသင်းမှာ ပထမဆုံး ပွဲဦးထွက်ကစားခဲ့ပြီးနောက်ပိုင်းမှာတော့ ပွဲပေါင်း (၇၈၆)ပွဲကစား၊ (၃၀၇) ဂိုး သွင်းယူခဲ့ပြီး စီးရီးအေ အမှတ်ပေးဖလား တစ်ကြိမ် ရရှိခဲ့ပါတယ်။

ယခုအခါ တော့တီဟာ အီတလီကလပ်အသင်းမှာ ဒါရိုက်တစ်ဦးဖြစ်လာပါလိမ့်မယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly