တင်းနစ်ကမ္ဘာ့အဆင့်ထိပ်ဆုံး (၁၀)ဦး စာရင်းရပ်တည်မှုမှာ ဂျိုကိုဗစ်နေရာ ဝေါ်ရီကာ သိမ်းပိုက်၊ မာရေး ထိပ်ဆုံးမှ ဦးဆောင်နေဆဲ

တင်းနစ်ကမ္ဘာ့အဆင့်ထိပ်ဆုံး (၁၀)ဦး စာရင်းရပ်တည်မှုမှာ ဂျိုကိုဗစ်နေရာ ဝေါ်ရီကာ သိမ်းပိုက်၊ မာရေး ထိပ်ဆုံးမှ ဦးဆောင်နေဆဲ
ဆွစ်ဇာလန်မှ စတန် ဝေါ်ရီကာ (ဓာတ်ပုံ - အီးပီအေ)

ယခုတပတ်အတွက် ပရိုဖက်ရှင်နယ်များ တင်းနစ်အဖွဲ့ချုပ် (ATP) ရဲ့ အမျိုးသားတစ်ဦးချင်း ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ ဆွစ်ဇာလန်မှ စတန် ဝေါ်ရီကာနှင့် ဆားဘီးယားမှ ဂျိုကိုဗစ်တို့ ရပ်တည်မှု လဲလှယ်ခဲ့ပြီး ဗြိတိန်တင်းနစ်သမား ဒန်ဒီမာရေးက တော့ ထိပ်ဆုံးက ဆက်လက်ဦးဆောင်နေဆဲဖြစ်ပါတယ်။

ဝေါ်ရီကာက အဆင့် ၄ ကို တက်ရောက်လာပြီး တံတောင်ဆစ်ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရတော့မယ့် ဂျိုကိုဗစ်မှာ အဆင့် ၅ သို့ ကျဆင်းသွားခဲ့ပါတယ်။

မာရေးက အဆင့် ၂ နှင့် ၃ နေရာမှ စပိန်မှ နဒါးလ်နှင့် ဆွစ်ဇာလန်မှ  ဖက်ဒရာတို့ရဲ့ အထက် အဆင့်သတ်မှချက်ဇယား ထိပ်မှာ ရပ်တည်နေပါတယ်။

ဂျာမနီမှ အလက်ဇန်းဒါး ဇက်ဗဲယာက အဆင့် ၁၁ မှ အဆင့် ၈ သို့ ခုန်တက်လာချိန်မှာ ဘူလ်ဂေးရီးယားမှ  ဒီမီထွာရာဟာ ထိပ်ဆုံး ၁၀ ဦး စာရင်း ပြင်ပကို ရောက်ရှိသွားခဲ့ပါတယ်။

လက်ရှိ ATP (အမျိုးသား) အဆင့်များနှင့် ရမှတ်များ

၁) အန်ဒီမာရေး (ဗြိတိန်) ရမှတ် ရ,၇၅၀
၂) ရာဖေးလ် နဒါးလ် (စပိန်) ရမှတ် ရ,၄၆၅
၃) ရော်ဂျာ ဖက်ဒရာ (ဆွစ်ဇလန်) ရမှတ် ၆,၅၄၅
၄) စတန် ဝေါ်ရီကာ (ဆွစ်ဇာလန်) ရမှတ် ၅,၇၈၀
၅) ဂျိုဂိုဗစ် (ဆားဗီးယား) ရမှတ် ၅,၃၂၅
၆) မာရင်း ဆီလက် (ခရိုအေးရှား) ရမှတ် ၅,၁၅၅
၇) ဒေါ်မနစ်သိမ်း (သြစတြီးယား) ရမှတ် ၄,၀၆၅
၈) အလက်ဇန်းဒါး ဇက်ဗဲယာ (ဂျာမနီ) ၃,၁၅၀
၉) နီရှီကိုရီ (ဂျပန်) ရမှတ် ၃,၁၄၀
၁၀) ရာအိုနစ် (ကနေဒါ) ရမှတ် ၃,၁၃၀

©EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags