‘အခွန်ငွေတွေကို ရှောင်လွှဲခြင်း လုံးဝ မရှိခဲ့ကြောင်း’ ရော်လ်နယ်ဒို ပြောဆို

‘အခွန်ငွေတွေကို ရှောင်လွှဲခြင်း လုံးဝ မရှိခဲ့ကြောင်း’ ရော်လ်နယ်ဒို ပြောဆို
(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်နှင့် ပေါ်တူဂီအသင်း တိုက်စစ်မှူး ခရစ္စတီယာနို ရော်လ်နယ်ဒိုက တနင်္လာနေ့က စပိန်တရားရုံမှာ သက်သေအထောက်အထားတွေ လျောက်ထားမှုပြုလုပ်ခဲ့ပြီး အခွန်ငွေတွေကို ရှောင်လွှဲခြင်း လုံးဝ မရှိခဲ့ပါဘူးလို့ ပြောဆိုခဲ့ပါတယ်။ အဆိုပါကစားသမားကို မက်ဒရစ်ရှိ တရားသူကြီးရုံးက ဇွန် ၁၃ ရက်နေ့က ယူရို ၁၅ သန်း အခွန်ရှောင်လွှဲခဲ့ကြောင်း စွပ်စွဲခဲ့တာဖြစ်ပါတယ်။

စပိန်မြို့တော်မက်ဒရစ်အနီးရှိ တရားရိုးတစ်ခုမှာ တရားခွင်မှာ မိနစ် (၉၀) ကြာ ကြားနားခဲ့တဲ့ အမှုအပြီးမှာ ရော်လ်နယ်လ်ဒိုက အခွန်ငွေပေးဆောင်ရန် လုံးဝမရှောင်ခဲ့ကြောင်း ငြင်းဆိုခဲ့တဲ့ ကြေညာချက်ချက်တစ်စောင် တနင်္လာနေ့က ထုတ်ပြန်ခဲ့ပါတယ်။

စပိန် အခွန်အာဏာပိုင်များက "ကျနော့် ဝင်ငွေရဲ့ ရင်းမြစ်များ အသေးအစိတ်အချက်အလက်အားလုံးအကြောင်းကို သိခဲ့ပါတယ်။ အကြောင်းက ကျနော်တို့ သူတို့ဆီ သတင်းပို့ထားခဲ့လို့ပါ"လို့ ပေါ်တူဂီရဲ့ ထာဝရဂိုးသူရှင်က ပြောဆိုပါတယ်။

"ကျနော်ဟာ ဘာပြဿနာမှ မဖြစ်ချင်လို့" ကျနော့်ရဲ့ ဘဏ္ဍာရေးအဖွဲ့ကို အခွန်ငွေ မှန်မှန်မကန် ပေးဆောင်ဖို့ ကျနော် အမြဲ ပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

"၂၀၁၁ နှင့် ၂၀၁၄ အကြား ပြည်သူဘဏာကို ဆန့်ကျင်တဲ့ အခွန်လိမ်လည်မှု ယူရို ၁၄,၇၆၈,၈၉၇ (ဒေါ်လာ ၁၆.၅ သန်း/ပေါင် ၁၂.၉ သန်း) ပါဝင်ပတ်သက်တဲ့ အမှု ၄ မှုနဲ့ ပေါ်တူဂီကစားသမားကို တရားစွဲဆိုထားတယ်"လို့ စပိန်တရားသူကြီးရုံးရဲ့ ဇွန်လက ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရော်လ်နယ်ဒိုဟာ တရားရုံးမှ ပြန်အထွက်မှာတော့ မီဒီယာတွေကို တွေ့ဆုံခြင်းမရှိဘဲ ရှောင်လွှဲထွက်ခွာသွားခဲ့ပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly