UEFA တာဝန်ရှိသူတွေကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့မှုအတွက် မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ် ဥရောပပွဲကစားခွင့် (၂)ပွဲ ပိတ်ပင်ခံရ

UEFA တာဝန်ရှိသူတွေကို ရိုင်းစိုင်းစွာ ပြောဆိုခဲ့မှုအတွက် မန်ယူနောက်ခံလူ ဖီးလ်ဂျုံးစ် ဥရောပပွဲကစားခွင့် (၂)ပွဲ ပိတ်ပင်ခံရ
(ဓာတ်ပုံ - အီးပီအေ)

မန်ချက်စတာယူနိုက်တက် နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ မေလ ၂၄ ရက်က ယူရိုပါလိဂ် ဗိုလ်လုပွဲအပြီးမှာ တာဝန်ရှိသူတွေကို ရိုင်းစိုင်းစွာ နှုတ်ဖြင့် ပြောဆိုခဲ့တဲ့အတွက် ကလပ်အသင်းရဲ့ လာမယ့် ဥရောပပွဲစဉ် ၂ ပွဲကို လွှဲချော်မှာဖြစ်တယ်လို့ ယူအီးအက်ဖ်အေက တနင်္လာနေ့က ပြောပါတယ်။

"မန်ယူကစားသမား ဖီးလ်ဂျုံးစ်ကို ယူအီးအက်ဖ်အေကလပ် ပြိုင်ပွဲ ၂ ပွဲ ပါဝင်ခွင့် ပိတ်ပင်ကြောင်း CEDB က ဆုံးဖြတ်ခဲ့ပါတယ်။"လို့ UEFA Control, Ethics and Disciplinary Body ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"ဒါကြောင့် ကစားသမားဟာ သြဂုတ် ၈ ရက် စကိုပီယာမှာ ကစားမယ့် ယူအီးအက်ဖ်အေ စူပါဖလားပွဲနှင့် ၂၀၁၇-၁၈ ချန်ပီယံလိဂ် အုပ်စု ပထမပွဲစဉ်တို့ကို ပါဝင်ကစားလိမ့်မှာ မဟုတ်ကြောင်း" အဆိုပါ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အင်္ဂလန်အသင်းအတွက် ၂၁ ပွဲ ကစားထားတဲ့ အသက် ၂၅ နှစ်အရွယ် ဂျူံးစ်ဟာ ယူရို ၅၀၀၀ ကို ဒဏ်ငွေအဖြစ် ပေးဆောင်ခဲ့ရပါတယ်။

အိုက်ဗရီကို့စ်နောက်ခံလူ အဲရစ် ဘိုင်လီဟာလည်း ဆယ်တာဗီဂိုနဲ့ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်မှာ အနီကဒ်အတွက် ၃ ပွဲ ပယ် ခံခဲ့ရတာကြောင့် ရီးယဲလ်နဲ့ ကစားမယ့် ဥရောပ စူပါဖလားပွဲကို လွဲချော်မှာဖြစ်ပါတယ်။

မန်ယူနောက်ခံလူတစ်ဦးဖြစ်တဲ့ ဘလိုင်းဟာလည်း အေဂျက်အသင်းကို အနိုင်ရရှိပြီးနောက် ၎င်းရဲ့ သွေးစစ်ဆေးမှုကို ချက်ချင်း သတင်းပို့ဆောင်ဖို့ ပျက်ကွက်ခဲ့မှုအတွက် CEDB အဖွဲ့က ဒဏ်ငွေ ၅၀၀၀ သတ်ခဲ့ပါတယ်။ ဒါပေမယ့် ကစားသမားဟာ ပွဲပယ်ခံရခြင်း မရှိခဲ့ပါဘူး။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags