စစ်တွေမြို့တွင် ကားတိုက်မှုဖြစ်၍ လူတစ်ဦးသေဆုံး

စစ်တွေမြို့တွင် ကားတိုက်မှုဖြစ်၍ လူတစ်ဦးသေဆုံး
ဓာတ်ပုံ - နောင်နောင်/RiA

စစ်တွေ၊ ဇူလိုင် ၃၁ ရက်။        ။ ရခိုင်ပြည်နယ် စစ်တွေမြို့ ရဲဘော်စျေးအနီး အထက (၆) ကျောင်းရှေ့တွင် ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၅ နာရီ ၄၅ မိနစ်အချိန်တွင် တော်ဝင်ခရီးသည် ယာဉ်နံပါတ် (2C/6537 )နှင့် သုံးဘီးတို့မျက်နှာချင်းဆိုင် တိုက်မိရာမှ လူတစ်ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စစ်တွေမှ ရန်ကုန်သို့ ထွက်ခွာလာသော ယာဉ်မောင်း နိုင်ဝင်း မောင်းနှင်လာသော တော်ဝင်ခရီးသည်ယာဉ်သည် သံတွဲမှ စစ်တွေသို့မောင်းလာသော ဦးဝင်းမောင်သုံးဘီးနှင့် တိုက်မိပြီး သုံးဘီးပေါ်တွင် လိုက်ပါလာသော ခရီးသည်တစ်ဦး သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

“ ဖြစ်တာကတော့ စစ်တွေကနေပြီးတော့ ရန်ကုန်ကိုသွားတဲ့ တော်ဝင်ကားနဲ့ သံတွဲဖက်ကလာတဲ့ သုံးဘီးနဲ့တိုက်ကြတာဖြစ်ပါတယ်။ သုံးဘီးပေါ်မှာတော့ လူ ၈ ယောက်လောက် ပါမယ်ထင်တယ်။ အဲဒီထဲမှာက တစ်ဦးကတော့ ဒဏ်ရာပြင်းတယ်ဆိုပြီး ဆေးရုံတင်လာတာကနေ ဆေးရုံကိုမရောက်လိုက်ဘူး။ လမ်းမှာပဲ သေသွားခဲ့ပါတယ်။ ကျန်တဲ့သူတွေကတော့ စိုးရိမ်စရာမရှိပါဘူး။ ကားမောင်းသူကို ကျွန်တော်တို့ရဲစခန်းကနေပြီး အမှုဖွင့်အရေးယူထားပါတယ်။”ဟု စစ်တွေမြို့အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

သေဆုံးသူမှာ စစ်တွေမြို့နယ် ညိုရောင်ချောင်းကျေးရွာမှ ဒေါ်ဦးလှမေ အသက် (၄၅) နှစ် ဖြစ်ကြောင်းလည်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သတ်ပြီး ယာဉ်မောင်း နိုုင်ဝင်းကို စစ်တွေမြို့ အမှတ် (၂) ရဲစခန်းမှ ယာဉ် (ပ) ရ/၂၀၁၇ ရာဇသတ် ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင်အရေးယူထားကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly