ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ရှာရစ်ဖ်က ညီဖြစ်သူအား သူ၏ အရိုက်အရာ ဆက်ခံသူအဖြစ် ရွေးချယ်

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း ရှာရစ်ဖ်က ညီဖြစ်သူအား သူ၏ အရိုက်အရာ ဆက်ခံသူအဖြစ် ရွေးချယ်

အစ္စလာမ်မာဘတ်၊ ဇူလိုင် ၃၀ ။           ။ ဝန်ကြီးချုပ်ရာထူးမှ နှုတ်ထွက်ခဲ့သော နာဝတ်ဇ်ရှာရစ်ဖ်သည် သူ၏ ညီဖြစ်သော ပန်ဂျပ်ပြည်နယ်၏ ဝန်ကြီးချုပ် ရှာဘတ်ဇ်ရှာရစ်ဖ်အား သူ၏ အရိုက်အရာဆက်ခံသူအဖြစ် ရွေးချယ်ခဲ့ပြီး ရေနံဝန်ကြီးချုပ်ဟောင်း ရှာဟစ်ခါကန်အက်ဘ်ဘာစီအား ဒုတိယဝန်ကြီးချုပ်အဖြစ် ခန့်အပ်ရန် စနေနေ့က အဆိုတင်သွင်းခဲ့သည်။

နိုင်ငံတော်တရားရုံးချုပ်က နာဝတ်ဇ်ရှာရစ်ဖ်နှင့် သူ၏ မိသားစုသည် အကျင့်ပျက်ခြစားမှုတွင် ပါ၀င်နေသော ကြောင့် ပြီးခဲ့သော သောကြာနေ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီး ရှာရစ်ဖ်ကလည်း ၀န်ကြီးချုပ်ရာထူးမှ ဆင်းပေးအပြီးတွင် ယခုလို ကြေညာခဲ့ခြင်းဖြစ်သည်။

ယခုလိုဝန်ကြီးချုပ်အဖြစ်မှ မပြောမဆို နှုတ်ထွက်ခဲ့သော ရှာရစ်ဖ်က “ ကျနော့်ရဲ့ အရိုက်အရာကိုဆက်ခံဖို့ ရှာဘတ်ဇ်ရှာရစ်ဖ်ကို ကျနော်ထောက်ခံပါတယ်။ ဒါပေမယ့် သူဟာ   ရွေးကောက်ပွဲမှာယှဉ်ပြိုင်ရဦးမှာပါ။ ဒါကြောင့် ရှာဟစ်ခါကန်အက်ဘ်ဘာစီကို ကျနော် အဆိုတင်သွင်းပါတယ်” ဟု ရှာရစ်ဖ်က သူ၏ ပါတီသို့ မိန့်ခွန်း ပြောကြားစဉ်၌ ထည့်သွင်းပြောဆိုခဲ့သည်။

ညီဖြစ်သူ ရှာရစ်ဖ်သည် အစ်ကိုဖြစ်သူ၏ မိသားစု ရင်ဆိုင်နေရသော အကျင့်ပျက်ခြစားမှုများတွင် ပါ၀င် ပက်သက်မှုမရှိဘဲ လက်ရှိတွင် ခရိုင်အုပ်ချုပ်ရေးမှူးရာထူးနေရာကိုသာ ပိုင်ဆိုင်ထားသောကြောင့် ၀န်ကြီးချုပ် အသစ်မဖြစ်လာမီတွင် အမျိုးသားလွှတ်တော်၌ အရွေးချယ်ခံရဦးမည်ဖြစ်သည်။

သို့သော်လည်း လေ့လာသူများက နာဝတ်ဇ်ရှာရစ်ဖ်၏ ဆုံးဖြတ်ချက်သည် ပါကစ္စတန်၌ နိုင်ငံရေးမိသားစု တစ်စု တည်းကသာ ဆက်လက်ကြီးစိုးနိုင်ရန် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ထင်မြင်ယူဆကြသည်။

“ရှာဘတ်ရှာရစ်ဖ်ကို ၀န်ကြီးချုပ်အသစ်အဖြစ် အဆိုတင်သွင်းတာဟာ နိုင်ငံရေးတည်ငြိမ်မှုတွေကို ဖြစ်လာစေ မှာမဟုတ်ပါဘူး။ မိသားစုအဆက်ဆက်ကသာ ကြီးစိုးတဲ့ နိုင်ငံရေးစနစ်တစ်ခုကိုသာ အားကောင်းလာစေမှာပါ” ဟု နိုင်ငံရေးဆန်းစစ်သူ အာဘစ်ဟတ်ဆန်က ပြောဆိုခဲ့သည်။

“၀န်ကြီးချုပ်ရာထူးအတွက် သူတို့ပါတီအတွင်းကနေ အခြားတစ်ယောက်ယောက်ကို ဘာလို့များ သူတို့မရှာနိုင် တာလည်း မသိပါဘူးဗျာ” ဟု သူက ဆက်လက်ဝေဖန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly