ရာဇဝတ်မှုထူပြော၍ ရီယိုဒီဂျနေးရိုးပြည်နယ်တွင် သမ္မတအမိန့်ဖြင့် စစ်အင်အားတစ်သောင်းကျော် အထူးတာဝန်ချ

ရာဇဝတ်မှုထူပြော၍ ရီယိုဒီဂျနေးရိုးပြည်နယ်တွင် သမ္မတအမိန့်ဖြင့် စစ်အင်အားတစ်သောင်းကျော် အထူးတာဝန်ချ

ရီယိုဒီဂျနေးရိုး၊ ဇူလိုင် ၂၉ ။            ။ ပြီခဲ့သည့် လများအတွင်း အကြမ်းဖက်ရာဇဝတ်မှုများ မြင့်တက်နေသည့် ဘရာဇီးနိုင်ငံက ရီယိုဒီဂျနေးရိုးပြည်နယ်တွင် စစ်တပ်အင်အားနှင့် ပြည်နယ်ဥပဒေရေးရာ တာဝန်ရှိသူ ၁၀၂၄၀ ကို အထူးတာဝန်အနေဖြင့် လုံခြံုရေးတပ်ဖြန့်ချထားသည့် အထူးအမိန့်တစ်ရပ်အား သမ္မတ တီးမားက ဇူလိုင် ၂၈ ရက်တွင် လက်မှတ်ထိုးထုတ်ပြန်သည်။

ယခု ဗဟိုတပ်အင်အားစုသည် ဂိုဏ်းဖွဲ့ရာဇဝတ်မှုများကို အထူးစစ်ဆင်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂျန်မန်းက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

ထိုပြင် ပြည်နယ်ရဲတပ်ဖွဲ့၏ ပုံမှန်တာဝန်များ ဆောင်ရွက်မှုတွင်လည်း ဗဟိုတပ်ပေါင်းစုက အထောက်အကူပြုပေးသွားမည်ဖြစ်သည်ဟု  ဂျန်မန်းက ပြောသည်။

"ခုအင်အားစုကို နေရာတကာ သုံးမှာ မဟုတ်ပါ။ အရေးကြီးတာနဲ့အမျှ နောက်ဆုံးအားထားရာအနေနဲ့ လိုအပ်သလို အသုံးချမှာဖြစ်ပါတယ်။ လမ်းတွေမှာ ကင်းလှည့်တာမျိုးမှာတော့ ဒီတပ်စုနဲ့ အားဖြည့်မှာ မဟုတ်ဘူး။"ဟု ၎င်းက ဆိုသည်။

ယခုကဲ့သို့ သမ္မတ အထူးအမိန့်ထုတ်ခြင်းသည် ရီယိုဒီဂျနေးရိုးမြို့သို့ ဦးတည်သော အဝေးပြေးလမ်းအချို့ရှိ လုံခြံုရေးဂိတ်စခန်းများတွင် စစ်တပ်ထားရှိလာချိန်နှင့် တစ်ချိန်တည်းတွင်လည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly