မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုနောက်ပိုင်း နိုင်ငံတွင် ဒုံးခွင်းဒုံးစနစ်များ တိုးချဲ့တပ်ဆင်ရန် တောင်ကိုရီးယား ဆုံးဖြတ်

မြောက်ကိုရီးယား၏ ဒုံးကျည်စမ်းသပ်မှုနောက်ပိုင်း နိုင်ငံတွင် ဒုံးခွင်းဒုံးစနစ်များ တိုးချဲ့တပ်ဆင်ရန် တောင်ကိုရီးယား ဆုံးဖြတ်

ဇူလိုင် ၂၉ ။          ။ ဒုတိယမြောက် တိုက်ချင်းပစ်ဒုံးကျည်တစ်စင်းကို ယမန်နေ့က ထပ်မံစမ်းသပ်ပစ်လွှတ်ခဲ့သော မြောက်ကိုရီးယားတို့ကြောင့် ယခုအခါ မိမိတို့နိုင်ငံ၏လုံခြုံရေးအတွက် ဒုံးခွင်းဒုံးစနစ်များ ထပ်မံဖြန့်ကျက်တပ်ဆင်သွားတော့မည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ပါတယ်။

မြောက်ကိုရီးယားတို့ရဲ့ ရန်ကနေ ကာကွယ်ဖို့ ရည်ရွယ်တဲ့ အဆိုပါ အမေရိကန်နည်းပညာ THAAD ဒုံးခွင်းဒုံးစနစ်ကို မူလက တောင်ကိုရီးယားရှိ နေရာနှစ်ခုမှာ ကနဦးတပ်ဆင်ထားခဲ့ပြီးဖြစ်ပေမယ့် တရုတ်ရဲ့ ပြင်းထန်တဲ့ ကန့်ကွက်မှုကြောင့် ယင်းကိစ္စကို ပြန်လည်သုံးသပ်ဖို့ တောင်ကိုရီးယားသမ္မတသစ် မွန်ဂျေအင်းက ညွှန်ကြားထားခြင်း ဖြစ်ပါတယ်။

သို့သော်လည်း လက်ရှိအချိန်တွင် ပြုံယမ်းအာဏာပိုင်တို့ဘက်က တစ်စထက်တစ်စ ပိုမိုရန်လိုခြိမ်းခြောက်လာခဲ့ပြီ ဖြစ်တာကြောင့် ယခု ဒုံးခွင်းဒုံးစနစ်တွေကို ပိုမိုအရှိန်မြင့်ဖြန့်ကျက်သွားဖို့ ဆိုးလ်မြို့အစိုးရက ဆုံးဖြတ်ခဲ့ပြီး ယင်းကိစ္စကို တရုတ်ဆီကိုလည်းအကြောင်းကြားထားလိုက်ပြီ ဖြစ်ပါတယ်။

ယင်း ဒုံးခွင်းဒုံးဖြန့်ကျက်မှုကိုတော့ တရုတ်က ပြင်းထန်စွာ ကန့်ကွက်နေခဲ့တာဖြစ်ပြီး ယင်းဟာ မြောက်ကိုရီးယားဒုံးကျည်ခြိမ်းခြောက်မှုကို ကာကွယ််ခြင်းထက် ဒေသတွင်း မတည်ငြိမ်မှုကို သာ ပိုမိုဦးတည်စေနိုင်ကြောင်း ပြောဆိုထားခဲ့ပါတယ်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags