Mask များကို လေဆိပ်၌ အခွန်ကောက်ခံခြင်းမရှိဘဲ စီးပွားဖြစ်များကိုသာ ကောက်ခံဟု ဆို

Mask များကို လေဆိပ်၌ အခွန်ကောက်ခံခြင်းမရှိဘဲ စီးပွားဖြစ်များကိုသာ ကောက်ခံဟု ဆို
ဓာတ်ပုံ - သူရ / မဇ္ဈိမ

ရန်​ကုန်​၊ဇူလိုင်​၂၉ ။               ။ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Mask များအား Duty Free နှင့် ဝင်​လာသည်​့ ​ဆေးပစ္စည်​း များဖြစ်​သည်​့အတွက်​ အခွန်​​ကောက်​ခံခြင်​း မရှိ​ဘဲ စီးပွားဖြစ်တင်သွင်းသူများသာ ကောက်ခံခြင်းဖြစ်ကြောင်​း အ​ကောက်​ခွန်​မှ အရာရှိတစ်ဦးက​ ပြောသည်​။

"ကျန်​းမာ​ရေးနဲ့ပတ်​သတ်​တာက​တော့ များ​သောအားဖြင်​့ မ​ကောက်​တာ များတယ်​။ ဒါ​တွေက သူတို့ စီးပွားဖြစ်​တင်​သွင်​းတဲ့သူ​တွေက​တော့​ ပြောလို့မရဘူး"ဟု ၎င်းအရာရှိက ဆိုသည်​။

လေဆိပ်တွင် H1N1 အကာကွယ်အတွက် ပြည်ပမှ ယူဆောင်လာသော Mask များအား တစ်ခုချင်းအလိုက် အခွန်ကောက်ခံမှုများရှိနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်   ကောက်ခံခြင်းမရှိကြောင်း   ပြောခဲ့ခြင်းဖြစ်သည်။

ပရဟိတအဖွဲ့များမှ တင်သွင်းလာသော ပစ္စည်းများကိုလည်း လေဆိပ်၌ အခွန်ကင်းလွတ်ခွင့် ပေးထားကြောင်း သိရပြီး လက်ရှိတွင် မြန်မာနိုင်ငံ၌ ရာသီတုပ်ကွေး H1N1 ကြောင့် Mask ၀ယ်ယူတပ်ဆင်မှုများ များပြားလျက် ရှိသည်။

ထို့ပြင် Mask အမျိုးအစား မျိုးစုံကို ​ဆေးပစ္စည်​းများအဖြစ်​ သတ်​မှတ်​ပြီး ကုန်​သွယ်​လုပ်​ငန်​းခွန်​ကင်​း လွတ်​​ပေးထား​ကြောင်​း ပြည်​တွင်​းအခွန်​များဦးစီးဌာနမှ ညွှန်​ကြား​ရေးမှူးချုပ်​ ဦးမင်​းထွန်​းက​ ပြောသည်​။

"အဲဒီ Mask တွေ အကုန်​လုံးက​ ဆေးဆိုင်​​တွေမှာ ​ဆေးနဲ့ပတ်​သတ်​တဲ့​ဆေးပစ္စည်​​း​တွေကို​တော့ များ​သောအားဖြင်​့ ကုန်​သွယ်​လုပ်​ငန်​းခွန်​ ကင်​းလွတ်​တယ်​"ဟု ညွှန်​ကြား​ရေးမှူးချုပ် ဦးမင်​းထွန်​း က​ ဆိုသည်​။

သို့သော် ဆေးကုမ္ပဏီအ​နေဖြင်​့ တင်​သွင်​းလာပါက အသားတင်​အမြတ်​အ​ပေါ်မူတည်​၍ ၂၅ရာခိုင်​နူန်​း​ကောက်​ခံ​နေသည်​ဟု ညွှန်​ကြား​ရေးမှူးချုပ်​ဦးမင်​းထွန်​းက​ပြောသည်​။

"အဲဒီဟာက ဘယ်​လိုလဲဆို​တော့ ရသူရဲ့ အသားတင်​အမြတ်​​ပေါ်မှာ တစ်​ဦးချင်​းစီဆိုရင်​ အ​ခြေခံသက်​သာ​တွေ၊ ဇနီးသားမယား​တွေရဲ့သက်​သာမှု​တွေနုတ်​၊ ပြီး​တော့ ဇယားပါနူန်​းအတိုင်​း​ကောက်​တာ​ပေါ့"ဟု ညွှန်​ကြား​ရေးမှူးချုပ်​ဦးမင်​းထွန်​းက​ပြောသည်​။

​ဝင်​​ငွေခွန်​ကို လစဉ်​ဝင်​​ငွေ၏ တစ်​နှစ်​စာ စုစု​ပေါင်​းသည်​ ၄၈ သိန်​းထက်​​ ကျော်​လွန်​ပါက နိုင်​ငံသားတစ်​ဦးချင်​းစီက ​ပေး​ဆောင်​ရ​သော အခွန်အခ ​ဖြစ်​သည်​။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly