လယ်ယာမြေတွေ ရေနစ်မြုပ်မှုကြောင့် လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဘယ်လို ကုစားနိုင်မလဲ (အပိုင်း ၃)

29 July 2017
လယ်ယာမြေတွေ ရေနစ်မြုပ်မှုကြောင့် လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဘယ်လို ကုစားနိုင်မလဲ (အပိုင်း ၃)

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

ရာသီဥတု ဖောက်ပြန်မှုတွေကြောင့် ဆုံးရှုံးမှုတွေမှာ ကာကွယ်ပေးဖို့ဆိုရင် ဥပဒေပြဌာန်းရေးအပိုင်းတို့ ခုနက ဆည်မြောင်းတာတမံတွေ ပိုပြီးတော့ ခိုင်ခိုင်မာမာဆောက်ဖို့ အခြေခံအဆောက်အဦးပိုင်းတွေ လုပ်ဖို့ဆိုပြီးတော့ ဆရာတို့နှစ်ယောက်က အကြံပေးခဲ့တယ်ပေါ့နော်။ နောက်တစ်ခုက သီးနှံအာမခံ ပြီးတော့ ရာသီဥတု ဖောက်ပြန်မှုအပေါ်မှာ အာမခံထားတဲ့စနစ်တွေက ကျွန်တော်တို့နိုင်ငံမှာ မရှိသေးဘူး ဒါပေမယ့် သီးနှံအာမခံဆိုရင် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ လွှတ်တော်မှာ စနစ်ထားရှိဖို့ဆိုပြီးတော့ ဆွေးနွေးနေတာ တင်ပြထားတာရှိတာပေါ့နော်။ ဆိုတော့ သီးနှံအာမခံ အဲဒီစနစ်တွေကရော အကျိုးစီးပွားကို ကာကွယ်ဖို့ ဆုံးရှုံးမှုတွေကနေ သက်သာစေဖို့ လုပ်ဖို့က ဘယ်လောက် အရေးပါတယ်လို့ ဦးစောကျော်ကျော်မင်း မြင်လဲခင်ဗျ။

ဦးစောကျော်ကျော်မင်း

မြန်မာနိုင်ငံ တောင်သူလယ်သမား အဖွဲ့ချုပ်

အကျိုးစီးပွား ကာကွယ်ဖို့အတွက်ဆိုရင် ကျွန်တော်တို့ လိုက်ရှာသလောက် ကျွန်တော်တို့နိုင်ငံမှာ ပြဌာန်းထားတဲ့ ဥပဒေတွေအရ လိုက်ရှာသလောက်ဆိုရင် ကျွန်တော်တို့ ခုနကပြောတဲ့ ဥပဒေမှာဆိုလို့ရှိရင် တွေ့ရတာဆိုလို့ ပြည်ထောင်စုအစိုးရရဲ့ အရန်ရန်ပုံငွေထဲကနေပြီးတော့ သက်ဆိုင်ရာ ဦးဆောင်အဖွဲ့ကနေပြီးတော့ တောင်းခံနိုင်တဲ့ အနေအထားမျိုး ဒါကို တွေ့ရတယ်ပေါ့။ ဒါကတော့ ပြည်ထောင်စုအစိုးရရယ် အရန် ရန်ပုံငွေပေါ့ အဲဒီထဲကနေပြီးတော့ တောင်းခံနိုင်တယ်ဆိုတဲ့ဟာကို တင်ပြနိုင်တယ်ဆိုတာကို ဒါကို တွေ့ရတယ်ပေါ့။

ခုနက ဆရာဆွေးနွေးသလိုမျိုး သီးနှံ့အာမခံဆိုတဲ့ ကိစ္စတွေ ကျွန်တော်တို့နိုင်ငံမှာ ပြဌာန်းထားတာတွေ သီးနှံ့အာမခံနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ မတွေ့ရသေးဘူး။ မတွေ့ရသေးဘူးဆိုတော့ ဆရာဆွေးနွေးတဲ့အပိုင်းက တော်တော်လေး ကောင်းပါတယ်။ သီးနှံအာမခံတွေသာ တကယ်လို့ လုပ်နိုင်မယ် လုပ်ဖြစ်မယ်ဆိုရင် တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားကလည်း အာမခံ ရရှိနိုင်မယ့် အနေအထားမျိုး ဖြစ်တယ်။ အကျိုးရှိမယ့် အနေအထားမျိုးလည်း ကျွန်တော် မြင်ပါတယ်။ ပြည်ထောင်စုအစိုးရအနေနဲ့ကလည်း ဒီ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားအတွက်ဆိုလို့ရှိရင် သီးနှံအာမခံကိစ္စကိုလည်း ထည့်သွင်းစဉ်းစားပြီးတော့ အကောင်အထည်ဖော် ဆောင်ရွက်သင့်တယ်လို့လည်း အကြံပြု ဆွေးနွေးလိုပါတယ်။

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

သီးနှံအာမခံဆိုတဲ့အပေါ်မှာ ရာသီဥတုဖောက်ပြန်မှုဆိုတဲ့ အညွှန်းကိုလည်း ယူပြီးတော့ အကာကွယ်ပေး အာမခံပေးသင့်တာပေါ့နော်။ ဒါကလည်း နောက်ထပ် နည်းလမ်း ရွေးချယ်စရာတစ်ခုပေါ့နော်။ ဆိုတော့ တချို့အာမခံလုပ်ငန်းတွေအနေနဲ့လည်း ကျွန်တော် အမေးအဖြေလုပ်တဲ့အခါမှာ ကျွန်တော် ကြားဖူးတာပေါ့နော။် ရာသီဥတုနဲ့ပတ်သက်ပြီးတော့ အာမခံပေးဖို့အတွက် ပုဂ္ဂလိက အာမခံလုပ်ငန်းပေါ့ သူတို့တွေကျတော့ ဒီအချက်အလက်တွေရဖို့ မိုးဇလပေါ့ မိုးရေချိန် ဘယ်လောက်ကျော်လွန်သွားပြီဆိုရင် ဒီသီးနှံကို အာမခံပေးမယ်တို့ ဒီလယ်ကွက်ကို အာမခံပေးမယ်ဆိုတာတို့ သတ်မှတ်ချက်တွေအပေါ်မှာ လုပ်ငန်းတွေက အာမခံပေးရမှာကို။ ဆိုတော့ အဲဒီအချက်အလက်တွေရဖို့ကလည်း ခုနကပြောတဲ့ ဒေတာပေါ့နော် သုတေသနရမယ့် အချက်တွေကလည်း အဲဒီ ဝန်ကြီးဌာနတွေတို့ မိုးဇလတို့ဆီကနေလည်း မရဘူးလို့ ပြောတာ ကြားဖူးတယ်ခင်ဗျ။ ဆိုတော့ ဒီအချက်အလက်တွေကလည်း လိုတာပေါ့နော်။ ဒါကတော့ တစ်ဆက်တည်း ဒီအပေါ်မှာ ကျွန်တော်အတွေ့အကြံုအရ ကြားဖူးတာကို ဆွေးနွေးတာပေါ့နော်။ ဆိုတော့ အခုက ကျွန်တော်တို့ နိဂုံးချုပ်ရမယ်ဆိုရင် ဒီအပေါ်မှာ အခြေခံအဆောက်အဦးပိုင်းတို့ ဥပဒေအပိုင်းတို့ ဒါတွေ ပြင်ဆင်ရမှာပေါ့နော်။ ရေရှည်အတွက်ရော ရေတိုအတွက်ရော၊ အရေးကြီးဆုံးအနေနဲ့ အစိုးရ အမြန်ဆုံးနဲ့ အကောင်းဆုံး လုပ်နိုင်တာက ဘယ်လိုနည်းလမ်း လုပ်သင့်သလဲ။ ဒီဟာကိုပေါ့လေ အဲဒါကို ဘယ်သူမျာ းဆွေးနွေးချင်လဲ မသိဘူး။ အစိုးရကလည်း မြန်မြန်ဆန်ဆန် လုပ်လို့ရရမယ်။ အထိရောက်ဆုံးနဲ့ပေါ့နော်။

ဦးအေးမြင့် (ရေအရင်းအမြစ် အင်ဂျင်နီယာ)

အဲတော့ ရေကြီးတဲ့အကြောင်းဆိုတဲ့နေရာမှာ ကျွန်တော်တို့က ချက်ခြင်း လက်ငင်း လုပ်ဖို့ကတော့ ကျွန်တော်အမြင်ပေါ့နော် ခက်မယ်လို့ထင်တယ်။ လုပ်ဖို့ကောင်းတာကတော့ ကျွန်တော်တို့က ရေရှည်ဆွဲဖို့ကောင်းတာပေါ့နော်။ Region အလိုက် ဆွဲရမယ်။ ချင်းတောင်လိုနေရာနဲ့ ကျွန်တော်တို့ ဧရာဝတီနဲ့ သွားယှဉ်လို့မရဘူး။ Nature တူတဲ့အရာတွေကို Region အလိုက် ချင်းတောင်ကို တစ်မျိုးစဉ်းစားရမယ် ဧရာဝတီကို တစ်မျိုး စဉ်းစားပေးရမယ်။ သီးခြား စဉ်းစားပေးရမယ်။ အခုဆို်လို့ရှိရင် Regional အစိုးရအဖွဲ့တွေ ရှိလာပြီဆိုတော့ အစိုးရအဖွဲ့တွေကလည်း နည်းနည်းလေး လုပ်ရင်တော့ ပိုကောင်းတာပေါ့နော်။

အဲတော့ ဆိုလိုတာကတော့ Long Term Master Plan ကြီး လုပ်ပြီးတော့ အဲဒီ Master Plan ကနေပြီးတော့ သွားရမယ်ပေါ့ ကျွန်တော် နမူနာတစ်ခု ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က မြစ်ဝကျွန်းပေါ်ဒေသက အလုပ်တွေ အထူးသဖြင့် အဓိက စစ်ကိုင်းမှာ ၂၀၁၅ ဖြစ်တယ်ဆိုတာက ဒါက Normal ဖြစ်တာ။ Normally ဖြစ်ရိုးဖြစ်စဉ်ကတော့ မြစ်ဝကျွန်းပေါ်က အဖြစ်ဆုံးဒေသပေါ့။ ဒီလိုဒေသမှာ မဖြစ်အောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ အပိုင်းကို ကျွန်တော်တို့ကိုယ်တိုင် ဘာလုပ်နေလဲဆို ဒီဘက် ပွင့်လာတဲ့ကာလမှာ ကျွန်တော်တို့ အစိုးရချင်းတွေ ပေါင်းစပ်လာတဲ့အခါကျတော့ နယ်သာလန် နယ်သာလန်ဆိုတာကလည်း ကမ္ဘာရဲ့ တကယ့်ရေနဲ့ပတ်သက်လို့ အကြီးကြီးပေါ့ နယ်သာလန်အစိုးရနဲ့ မြန်မာအစိုးရ ပေါင်းပြီးတော့ မြစ်ဝကျွန်းပေါ် မြစ်ဝကျွန်းပေါ်ဆိုတာကလည်း အားလုံးသိတဲ့အတိုင်း မြန်မာတစ်နိုင်ငံလုံးရဲ့ စပါးကျီပေါ့ မြန်မာတစ်နိုင်ငံလုံးရဲ့ စပါးထွက်နှုန်း တစ်ဝက်ကျော်တောင်မကဘူး ရ၀ ရာခိုင်နှုန်းလောက်ကို ပံ့ပိုးနေတာပေါ့နော်။ အဲတော့ ဒီမှာရေကြီးတယ်ဆိုရင် အပျက်အစီးတွေက များနေပြီ။ ဆိုတော့ ကျွန်တေ်ာတို့ ဧရာဝတီမြစ်ဝကျွန်းကြီးကို ရေရှည်လုပ်ဖို့အတွက် ကျွန်တော်တို့ အခု ဘာလုပ်နေလဲဆိုရင် နယ်သာလန်အဖွဲ့ အကူအညီနဲ့ နည်းဗျူဟာတွေ ရေးဆွဲနေတယ်။ နည်းဗျူဟာဆွဲဖို့ ခုနကပြောတဲ့ ကျွန်တော်တို့ အားနည်းနေတယ်ပေါ့။ အားနည်းတော့ သူတို့လည်းသိတယ် ခုနကဆရာပြောတဲ့ မိုးဇလ ဒေတာတွေလည်း ခဲယဉ်းတယ်ပေါ့နော်။ ကျွန်တော်တို့ကိုယ်တိုင်ကလည်း ဝယ်သုံးရတယ်။ အဲလို ဒေတာမျိုးတွေက ကျောင်းသူကျောင်းသားတွေကလည်း ဝယ်သုံးရတယ်။ အဲဒါမျိုးက မဖြစ်သင့်တဲ့ဟာပေါ့နော်။ အဲလိုတွေရှိတဲ့အခါကျတော့ ကျွန်တော်တို့ ဘာလုပ်လဲဆိုရင် အရေးကြီးဆုံးက ဘာလဲဆိုတော့ အခြေခံအချက်အလက် အရင်သိဖို့လိုတယ်။ လောလောဆယ် ဧရာဝတီမြစ်ဝကျွန်းပေါ်ကြီး ဘာတွေဖြစ်နေလဲ ဒါသိမှ ဘာဆက်လုပ်မလဲ ဒီလို သွားရမှာပါ။ ရေရှည်အနေနဲ့ နည်းဗျူဟာဆွဲပြီးတော့မှ Master Plan မဟာဗျူဟာတွေ ချရမယ်။

အဲတော့ ကျွန်တော်တို့ အခုအဆင့်ဆိုလို့ရှိရင် ကျွန်တော်တို့ ရေကြီးနစ်မြုပ်မှုအပိုင်းက လုပ်ငန်းတစ်ခုပဲရှိသေးတယ်။ ကျန်တဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်က Setter တွေက အများကြီးရှိတယ်လေ။ သစ်တောရှိတယ် သဘာဝ သားငါးတွေရှိတယ် အကောင်တွေ စိုက်ပျိုးရေးက အဓိက ဒါတွေရှိတော့ ဒီဟာတွေ ဘတ်ပေါင်းစုံ လောလောဆယ် ဘာဖြစ်နေလဲဆိုတာကို နယ်သာလန်အဖွဲ့နဲ့ ကျွန်တော်တို့ မြန်မာအစိုးရနဲ့ ပေါင်းလုပ်ပြီး ကျွန်တော်တို့လည်း ပါနေတဲ့အလုပ်တစ်ခုပါ။ လက်ရှိ ဒေတာကောက်တဲ့အဆင့်ထိ ပြီးသွားပြီ။ ပြီးသွားလို့ ကျွန်တော်တို့ ပြီးခဲ့တဲ့လကပဲ တရာဝင် ဧရာဝတီ ဒေတာ အက်လက် ဆိုပြီးတော့ တရားဝင်ပေါ့ နောက်ပိုင်းကျရင် Public ဆိုပြီးတော့ ထုတ်မှာပါ။ အဲဒီအပေါ်အခြေခံပြီးတော့ ရှေ့ဘာဆက်လုပ်မယ်ဆိုတာကို စဉ်းစားရမယ်။  ဘတ်စုံ ဌာနစုံပါတဲ့ အစည်းအဝေးတွေလည်း လုပ်တယ်။ အဲဒါတွေလုပ်တာ ကျွန်တော်တို့ တစ်နှစ်နီးပါး ရှိပါပြီ။

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

ဒါကတော့ ရေရှည်အတွက် ကောင်းလာမှာပေါ့နော်။ ဆိုတော့ နောက်ဆုံး ကိုစောကျော်ကျော်မင်း ရေတိုအတွက် နည်းနည်းလေး ဆွေးနွေးပေးပါဦး။ ရေတိုနဲ့ အနီးစပ်ဆုံးမှာ ကာကွယ်မှု ထိထိရောက်ရောက် လုပ်နိုင်အောင် အကိုကတော့ ဥပဒေပြုရေးအပိုင်းကို ပိုအားသန်တယ်လို့ထင်တယ်လေ။ ဆိုတော့ ဘယ်လိုအစီအမံတွေနဲ့ ချမှတ်ပြီးတော့ လုပ်သင့်လဲ။ အစိုးရကို အကြံပေးပါဦး။

ဦးစောကျော်ကျော်မင်း

မြန်မာနိုင်ငံ တောင်သူလယ်သမား အဖွဲ့ချုပ်

ဟုတ်ကဲ့။ ရေတိုအနေနဲ့ကတော့ ကျွန်တော် ခုနက ဆွေးနွေးထားသလိုပါပဲပေါ့နော် သက်ဆိုင်ရာ ဝန်ကြီးဌာနတွေအနေနဲ့က အမိန့်ညွှန်ကြားချက်တွေ အမြောက်အများ ထုတ်ပြန်ပြီးတော့ ဒါက တောင်သူလယ်သမားတွေရဲ့ အကျိုးစီးပွားပေါ့။ ရေလွှမ်းမိုးမှု ဒေသတွေမှာရှိနေတဲ့ ဒေသခံတွေကို အတက်နိုင်ဆုံး ကုစားဆောင်ရွက်တဲ့နည်းကို အဲဒါကတော့ ရေတိုအနေနဲ့ အခုလက်ရှိ အနေအထားပါ။ လုပ်ရမယ့်အနေအထားပေါ။ အဲဒီကနေမှ တစ်ဆင့်ထပ်တက်ပြီးတော့ ဆရာဆွေးနွေးသွားတဲ့ အပိုင်းတွေကို ဆက်သွားရမယ့် အနေအထားမျိုးတော့ မြင်ပါတယ်။ အရေးကြီးဆုံးအချက်ကတော့ တစ်ခုလေးဆွေးနွေးချင်တာ ဒါ ကျွန်တော်လေ့လာရတဲ့အပိုင်းမှာ ကျွန်တော်တို့နိုင်ငံမှာ ခုနကပြောတဲ့ အချက်အလက် ရရှိဖို့ကအစ ခက်ခဲနေသေးတယ်ဆိုတဲ့ဟာတွေ တွေ့ရတဲ့အခါကျတော့ အရေးကြီးဆုံးက ပူးပေါင်းဆောင်ရွက်ဖို့က တအားလိုအပ်နေတဲ့ အချိန် ဖြစ်ပါတယ်။ အဲဒါကြောင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်သူနဲ့အတူဆိုတဲ့ဟာမျိုးတင် မကပဲနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေလည်း ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်တယ်။

ဝန်ကြီးဌာနတွေက ကျွန်တော်တို့ သိရသလောက်ဆိုရင် အကန့်လိုက် ဝန်ကြီးဌာနတစ်ခုကနေပြီးတော့ အကောင်အထည်ဖော်မယ့်ဟာကို အခြားဝန်ကြီးဌာနတစ်ခုကို အကူအညီတောင်းခံရမယ့် အနေအထားမျိုးဆိုရင် ကြာတဲ့အနေအထားတွေကို အရင်တုန်းက တွေ့ခဲ့ရတာပေါ့။ အခုလက်ရှိအနေအထားမှာ အဲဒီအခက်အခဲတွေကို ကျော်လွှားသင့်ပြီ ပူးပေါင်းဆောင်ရွက်သင့်ပြီး အားလုံး ဝိုင်းဝန်းဖြေရှင်းမှသာလျင် ဒီပြဿနာက ကျော်လွှားဖို့ အောင်မြင်နိုင်မယ်ဆိုတဲ့ အချက်ကိုတော့ ဆွေးနွေးချင်ပါတယ်။

အပိုင်း (၁) ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://www.mizzimaburmese.com/article/29713

အပိုင်း ( ၂ )ကို အောက်ပါလင့်တွင် ဖတ်ရှုနိုင်ပါသည် - http://www.mizzimaburmese.com/article/29862

Mizzima Weekly