မိုးမိတ်မှ မူးယစ်ဆေးစွဲနေသည့် မိဘ၂ဦးဆီမှ ထွက်ပြေးလာသည့် ကလေးငယ်များအနက် ၂ဦးသေဆုံး

မိုးမိတ်မှ မူးယစ်ဆေးစွဲနေသည့် မိဘ၂ဦးဆီမှ ထွက်ပြေးလာသည့် ကလေးငယ်များအနက် ၂ဦးသေဆုံး
ဓာတ်ပုံ- Kotunlso

ရန်ကုန်၊ ဇူလိုင် ၂၉ ။            ။ ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်၊  ကျောက်လုံးကြီးကျေးရွာတွင် မူးယစ်ဆေးစွဲနေသည့် မိဘ ၂ ဦးက သားသမီး ၃ ဦးကို ရောင်းစားရန်စီစဉ်နေသည့် အတွက်ကြောင့် အကြီးဆုံုး ၁၂ နှစ် သမီးက ဦးဆောင်ကာ ထွက်ပြေးလာခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၉ ရက်တွင် ကလေး ၁ ဦး ထပ်မံသေဆုံးခဲ့သည်။

ဇူလိုင်လ ၂၃ရက်နေ့က အဆိုပါ ၁၂ နှစ် သမီးမှ ၂ နှစ်အရွယ်နှင့် ရက်၂၀အရွယ်ရှိ မိန်းကလေး၂ဦးကို မိုးမိတ်သို့ ခေါ်ယူထွက်ပြေးလာကာ ဇူလိုင်လ ၂၄ရက်နေ့ မနက်၁၀နာရီတွင် ၂နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဇူလိုင်လ ၂၈ရက်နေ့ နံနက် ၁၀ နာရီတွင် ကျန်ရှိသည့် ကလေးငယ်၂ဦးကို မိုးကုတ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပြီး ယနေ့နံနက် ဇူလိုင် ၂၉ရက်နေ့ ၈န ာရီတွင် ရက်၂၀သာရှိသေးသည့် မိန်းကလေးတစ်ဦး ထပ်မံသေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

မိုးမိတ်မြို့နယ်ရှိ ကမ္ဘောဇတိုင်းမ်မှ သတင်းထောက်ကိုထွန်းက “ မိဘ ၂ ပါးက ဆေးဖိုးအတွက် ၁သိန်းနဲ့ရောင်းမလို့လေ။ အဲဒါကို သူတို့ အကြီးဆုံးအစ်မက ညီမလေး ၂ ယောက်ကိုခေါ်ပြီး  ၂၃ရက်နေ့က ထွက်ပြေးလာတာ။ သူတို့ အဟာရဓာတ်လည်း မရှိတော့ဘူး”ဟု ပြောသည်။

“သူတို့ရွာကနေ ရွာသားတွေကို အကူအညီတောင်းခံပြီးတော့ ပြေးလာတာ။ ဆေးရုံရောက်တော့ ကောင်မလေး လက်ထဲ ပိုက်ဆံ ၃ထောင်ပဲရှိတယ်။ မိုးမိတ်ရောက်တော့ အကြောင်းကြားတော့ အဒေါ်ဖြစ်သူက ဒေါ်လှလှဝင်း က လာကူညီပေးတယ်။ ကျန်တဲ့ လူမှုအဖွဲ့အစည်းတွေလည်း လာရောက်ကူညီပေးခဲ့ကြတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၂၄ရက်နေ့ မိုးမိတ်ဆေးရုံတွင် သေဆုံးသွားသည့် ၂နှစ်အရွယ်ရှိ မိန်းကလေးတစ်ဦးမှာ အဟာရဓာတ်ချို့တဲ့မှုဖြင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မိုးမိတ်ဆေးရုံအုပ်ကြီး   ဒေါက်တာစိုးညီညီက အတည်ပြုပြောကြားခဲ့သည်။

ထိုက​လေး ၃ ဦးမှာ (တအာင်​း)ပ​လောင်​တိုင်​းရင်​းလူမျိုးဖြစ်​ပြီး မွေးချင်း ၅ ဦိးအနက် ၁၂နှစ်အရွယ်ရှိ သမီးငယ်လေးမှာ အကြီးဆုံးဖြစ်ပြီး အဟာရဓာတ်ချို့တဲ့နေသည့် ညီမလေး ၂ ဦးကို ခေါ်ယူကာ ထွက်ပြေးတိမ်းရှောင်ခဲ့ခြင်းဖြစ်ကာ ရွာတွင်လည်း မိဘများမူးယစ်ဆေးစွဲနေသည့် အတွက် လယ်ယာလုပ်ငန်းဖြင့် မိဘများကို ပြန်လည်လုပ်ကျွေးနေရကြောင်း ၄င်းမိန်းကလေး၏ ပြောပြချက် အရသိရသည်။
 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly