ချယ်လ်ဆီးနောက်ခံလူ ကာလက်စ် အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး ဖူလ်ဟမ်အသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့

ချယ်လ်ဆီးနောက်ခံလူ ကာလက်စ် အသင်းနဲ့ စာချုပ်သက်တမ်းတိုးပြီး ဖူလ်ဟမ်အသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့
(ဓာတ်ပုံ - ဖူလ်ဟမ်)

ချက်နောက်ခံလူ သောမတ်စ် ကာလက်စ်ဟာ ချန်​ပီယံရှစ်​ကလပ်​ ဖူလ်ဟမ်​အသင်​းထံ တစ်​ရာသီအငှားနဲ့ မသွားခင် ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးခဲ့ကြောင်း နှစ်ဖက်အသင်းက ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

အသက် ၂၄ နှစ်ရှိ ကာလက်စ်ဟာ ပြီးခဲ့တဲ့ ရာသီမှာ ဖူလ်ဟမ်အသင်းမှာ အငှားကစားပြီး ပြန်လာပြီး ချယ်လ်ဆီးမှာ (၄)နှစ် စာချုပ်ချုပ်ဆိုခဲ့ပါတယ်။

"သောမတ်စ် ကာလက်စ်ကို ဖူလ်ဟမ်ကလပ်ကနေ ကြိုဆိုရလို့ ဝမ်းမြောက်ပါတယ်။"လို့ အသင်းရဲ့ ဒုဥက္ကဋ္ဌ တိုနီခမ်က ဖူလ်ဟမ် ဝက်ဘ်ဆိုက်မှာ ပြောပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ကာလက်စ်ဟာ ဖူလ်ဟမ်အသင်းအတွက် ပွဲ (၄၀) ကစားပေးခဲ့ပါတယ်။

ကာလက်စ်ဟာ ချက်ကလပ် Sigma Olomouc အသင်းမှ ချယ်လ်ဆီးထံ ၂၀၁၀ ခုနှစ်က ရောက်ရှိလားပြီး အသင်းနဲ့ (၄)ပွဲသာ ကစားခဲ့ရပြီး ၂၀၁၃-၂၀၁၄ ရာသီတွေမှာ အသင်းအများအပြားထံ အငှားနဲ့ သွားကစားခဲ့ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags