ဘိုင်ယန်လေဗာကူဆင်မှ ဟာနန်ဒတ်စကို ဝက်စ်ဟမ်းအသင်း ပေါင် ၁၆ သန်းဖြင့် အပြီးသတ် စာချုပ်

ဘိုင်ယန်လေဗာကူဆင်မှ ဟာနန်ဒတ်စကို ဝက်စ်ဟမ်းအသင်း ပေါင် ၁၆ သန်းဖြင့် အပြီးသတ် စာချုပ်
(ဓာတ်ပုံ - ဝက်စ်ဟမ်း)

ဝက်စ်ဟမ်းအသင်းဟာ ဘိုင်ယန်လေဗာကူဆင်ရဲ့ တိုက်စစ်မှူး ဂျာဗီးယား ဟာနန်ဒတ်စ်ကို ပေါင် ၁၆ သန်းဖြင့် အပြီးသတ် ခေါ်ယူစာချုပ်ခဲ့ပြီဖြစ်ပါတယ်။

မန်ယူကစားသမားဟောင်းဟာ (၃) နှစ် စာချုပ် လက်မှတ်ရေးထိုးခဲ့တာဖြစ်ပါတယ်။

"ပဲစေ့လေး" ချီချာရီတိုလို့ လူသိများပြီး ဟာနန်ဒတ်စ်ဟာ မေလက ခရိုအေးရှားအသင်းနဲ့ ခြေစမ်းပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီးနောက် မက္ကဆီကိုအသင်းရဲ့ ထာဝရဂိုးအများဆုံးသွင်းသူဖြစ်လာပါတယ်။

"ပရီးမီးယားလိဂ်ဟာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်ပြီး အခွင့်အလမ်း ရောက်လာတဲ့အခါမှာတော့ ကျနော်ဟာ ဒီကလပ်နဲ့ စာချုပ်ဖို့ အပူတပြင်းဖြစ်နေခဲ့ပါတယ်။"လို့ ဟာနန်ဒတ်စ်က ပြောပါတယ်။

အသက် ၂၉ နှစ်အရွယ် ချီချာရီတိုဟာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ ဂျာမန်ကလပ် လီဗာကူဆင်အသင်းဆီ ပေါင် ရ.၃ သန်းနဲ့ မပြောင်းရွှေ့ခင် ၂၀၁၀ ခုနှစ်က မန်ယူအသင်းကို ရောက်ရှိခဲ့ပြီး ၁၅၆ ပွဲကစား၊ ၅၉ ဂိုးသွားယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ရရှိခဲ့ပါတယ်။

သူဟာ ဂျာမန်ကလပ်အသင်းအတွက် ရ၆ ပွဲကစား၊ ၃၉ ဂိုး သွင်းယူခဲ့ပါတယ်။

"ဝက်စ်ဟမ်းဟာ သမိုင်းဝင်ကလပ် တစ်သင်းဖြစ်ပြီး ရည်မှန်းချက် အလွန်ကြီးမားပါတယ်။"လို့ သူက ဆက်ပြောပါတယ်။

"ကျနော်ဟာ စပိန်နှင့် ဂျာမနီတို့မှာ အလွန်ကောင်းမွန်တဲ့ ၃ ရာသီကြာ ဖြတ်သန်းခဲ့ပေမယ့် အမှန်ကတော့ အင်္ဂလန်ဟာ ကျနော်ရဲ့ ကစားသမားဘဝအတွက် ပထမဦးဆုံး အဓိကအခန်းဖြစ်ပြီး ဒီကိုပြန်လာရလို့ အလွန်ဝမ်းသာမိပါတယ်။"လို့ သူက ပြောပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly