H1N1 လူနာ ၃ ဦးအနက် မစုမြတ်နန္ဒာအောင် (သရုပ်ဆောင် စုလင်းရှိန်) သက်သာလာ

H1N1 လူနာ ၃ ဦးအနက် မစုမြတ်နန္ဒာအောင် (သရုပ်ဆောင် စုလင်းရှိန်) သက်သာလာ
ဓာတ်ပုံ-Su Lin Shein ဖေ့ဘုတ်

ဇူလိုင် ၂၄ ။            ။ H1N1 တွေ့ရှိရသော လူနာ ၃ ဦး အနက် ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ ကုသခံမှုခံယူနေတဲ့ မစုမြတ်နန္ဒာအောင် (သရုပ်ဆောင် စုလင်းရှိန်)က သူ သက်သာနေပါပြီလို့ သူ့လူမှုကွန်ရက်အကောင့်ကနေတဆင့် အသိပေးထားပါတယ်။

“ဆွိတီ သက်သာနေပါပြီနော်။ ဆေးရုံကတော့ မဆင်းရသေးပါဘူး။  စိတ်ပူအောင်လုပ်မိလို့ အားလုံးကိုတောင်းပန်ပါတယ်။ ဆေးရုံကမြန်မြန်ဆင်းရအောင် ဆုတောင်းပေးကြပါဦး” လို့  ဒီကနေ့ ဇူလိုင်လ ၂၄ရက်၊ ညရ နာရီလောက်က ရေးသားထားပါတယ်။

ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ ကုသမှုခံယူနေတဲ့ မစုမြတ်နန္ဒာအောင် (သရုပ်ဆောင် စုလင်းရှိန်)က နေပြည်တော်၊ ရေဆင်းက မွေးမြူရေးတက္ကသိုလ်မှ အသက် ၂၂ နှစ်အရွယ်   နောက်ဆုံးနှစ်ကျောင်းသူ ဖြစ်ပြီး ဇူလိုင်လ ၈ ရက်နေ့ကစတင်ပြီး ဖျား၊ နှာစေး၊ ချောင်းဆိုး ဖြစ်ခဲ့တောကြောင့် ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးတွင် ကုသမှု ခံယူနေရတာပါ။ ဓါတ်ခွဲစစ်ဆေးချက်အရ Influenza Type A.A/ H1N1 Pdm-Positive ဖြစ်တယ်လို့ သိရပါတယ်။ 

ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် လူနာ (၂) ဦး၊ ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးမှာ လူနာ (၁)ဦးတို့ အထူးကြပ်မတ်ဆောင်တွင် ကုသနေရကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ  ထုတ်ပြန်ထားပြီး  ရန်ကုန်အထွေထွေကုဆေးရုံသစ်ကြီးတွင်  ကုသမှုခံယူနေတဲ့ လူနာမှာ သက်သာ ကောင်းမွန်နေပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ရာသီတုပ်ကွေး (Seasonal Flu, A/H1N1 2009) ဖြစ်ပြီး မိုးအကုန် ဆောင်းအကူးတွင်  ဖြစ်လေ့ဖြစ်ထ ရှိခဲ့ကြောင်း၊ ရာသီတုပ်ကွေးရောဂါသာ ဖြစ်ကြောင်း၊ ၂၀၀၉ ခုနှစ်ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ အတွေ့အကြုံတွေ ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly