၁၂ ဘီးယာဉ်ဖြင့် တရားမဝင်တင်ဆောင်လာသည့် ပိတောက်သစ်များ နောင်ချိုတွင်ဖမ်းမိ

၁၂ ဘီးယာဉ်ဖြင့် တရားမဝင်တင်ဆောင်လာသည့် ပိတောက်သစ်များ နောင်ချိုတွင်ဖမ်းမိ
ဓာတ်ပုံ-သစ်တောဦးစီးဌာန

ရန်ကုန်၊ ဇူလိုင်လ ၂၄ ။         ။ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ မန္တလေး - မူဆယ်ပြည်ထောင်စုလမ်းမကြီး၊ မိုင်တိုင်အမှတ် (၇၉/၃)အနီး ကျောက်ကမ်းပါးနေရာမှ နီဆန်း ၁၂ ဘီးယာဉ်ဖြင့် တရားမဝင်တင်ဆောင်လာသည့် ပိတောက်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ ဇူလိုင် ၂၄ ရက်တွင် သတင်းထုတ်ပြန်သည်။

နောင်ချိုမြို့နယ် ဦးစီးအရာရှိဦးဆောင်သော သစ်တောဦးစီးဌာနမှ ဝန်ထမ်းများနှင့် ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့မှ ဇူလိုင်လ ၂၃ ရက်တွင် တရားမဝင်သစ်ခိုးယူထုတ်လုပ်မှုများအား ရှာဖွေဖမ်းဆီးနေရာမှ အဆိုပါ မိုင်တိုင်အမှတ် (၇၉/၃)အနီးရှိ ကျောက်ကမ်းပါးနေရာတွင် နီဆန်း ၁၂ ဘီးယာဉ်ဖြင့် တရားမဝင် တင်ဆောင် ထားသည့် ပိတောက်သစ်များအား ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ၁၂ ဘီးယာဉ်ပေါ်မှ ၈ ဒသမ ရ တန်ကျော်ရှိ ပိတောက်သစ်ခွဲသား ၈၄ ချောင်းအား ဖမ်းဆီးရမိခဲ့ပြီး ဆက်စပ်ပတ်သက်သူများကို ယာဉ်ပေါ်ပါရှိသည့် အထောက်ထားများမှ တစ်ဆင့် စုံစမ်းဖော်ထုတ်လျက်ရှိသည်။

လက်ရှိတွင် အဆိုပါ တရားမဝင်တင်ဆောင်လာသော ပိတောက်သစ်များနှင့် ပတ်သက်ပြီး သက်ဆိုင်ရာရဲစခန်းတွင် ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေးဥပဒေပုဒ်မ ၆(၁)ဖြင့် အရေးယူနိုင်ရန် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly