ဂျော်ဒန်မှာ ရှိတဲ့ အစ္စရေးသံရုံးမှာ ပစ်ခတ်မှုဖြစ်၊ နှစ်ဦး သေဆုံး

ဂျော်ဒန်မှာ ရှိတဲ့ အစ္စရေးသံရုံးမှာ ပစ်ခတ်မှုဖြစ်၊ နှစ်ဦး သေဆုံး

ဇူလိုင် ၂၄ ။              ။ ဂျော်ဒန် နိုင်ငံရှိ အစ္စရေးသံရုံးမှာ ဇူလိုင် ၂၃ ရက်ညပိုင်းက ပစ်ခတ်မှုတစ်ခုဖြစ်ခဲ့လို့ ဂျော်ဒန်နိုင်ငံသား နှစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Amman မြို့မှာ ရှိတဲ့ အစ္စရေးသံရုံးဝင်းအတွင်းမှာ ဇူလိုင် ၂၃ ရက်ညပိုင်းက ဂျော်ဒန်နိုင်ငံသားတစ်ဦးက အစ္စရေးလုံခြုံရေးအစောင့်ဝန်ထမ်းတစ်ဦးကို ၀က်အူလှည့်နဲ့ ထိုးဖို့ကြိုးစားခဲ့ရင်းကနေ ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ ယင်းဖြစ်စဉ်မှာ နောက်ထပ် ဂျော်ဒန်တစ်ဦးလည်း မတော်တဆ သေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လက်ရှိကာလမှာ အစ္စရေးတို့ရဲ့ ဂျေရုဆလင်မှာ ဘာသာရေးဆိုဒ်တစ်ခုမှာ လုံခြံုရေးတင်းကျပ်ခဲ့လို့ တင်းမာမှုတွေမြင့်တက်နေလျက်ရှိချိန်နဲ့ တစ်ချိန်တည်းမှာပဲ ယခုလို ဂျော်ဒန်မှာ ရှိတဲ့ သံရုံးမှာ တိုက်ခိုက်မှုဖြစ်စဉ်တစ်ခု ပေါက်ပေါက်ခဲ့တာဖြစ်ပါတယ်။ ယင်းဖြစ်စဉ်နှစ်ခု ဆက်စပ်နေသလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

ယခု ဖြစ်စဉ်မှာ အစ္စရေးသံရုံးကို ပရိဘောဂပစ္စည်းတွေ တပ်ဆင်ဖို့ ရောက်လာတဲ့ ဂျော်ဒန်နိုင်ငံသားတစ်ဦးက အစ္စရေးလုံခြံုရေးဝန်ထမ်းကို စတင်တိုက်ခိုက်ဖို့ ကြိုးစားခဲ့တာဖြစ်တယ်လို့ အစ္စရေးသံရုံးက ထုတ်ပြန်ပါတယ်။ ဂျော်ဒန်နိုင်ငံသားဟာလည်း အစ္စရေးလုံခြံုရေးရဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် သေဆုံးသွားခဲ့သလို အတူပါလာခဲ့တဲ့ ဂျော်ဒန်နိုင်ငံသားတစ်ဦးလည်း ပစ်ခတ်ခံခဲ့ရပြီး နောက်ပိုင်း   သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အစ္စရေးလုံခြံုရေးဝန်ထမ်းကတော့ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

ယခုဖြစ်စဉ်နဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်နေလျက်ရှိပြီး ယင်းသံရုံးတစ်ဝိုက် လုံခြံုရေးတွေ တင်းတင်းကျပ်ကျပ် ချထားကြောင်း သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly