မြန်မာအသင်း ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်အနည်းငယ်ရှိနေ

မြန်မာအသင်း ခြေစစ်ပွဲအောင်ရန် မျှော်လင့်ချက်အနည်းငယ်ရှိနေ
ဓာတ်ပုံ-သူရ

ဇူလိုင် ၂၃၊ ရန်ကုန်။      ။ ၂၀၁၈ အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲအောင်မြင်ရန်အတွက် မြန်မာယူ-၂၂အသင်းအနေဖြင့် မျှော်လင့်ချက် အနည်းငယ်ရှိနေသေးသည်။

အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲကို အုပ်စုဆယ်ခုမှ အုပ်စုဗိုလ် ၁၀သင်း၊ အကောင်းဆုံးအုပ်စု ဒုတိယရငါးသင်း စုစုပေါင်း ၁၅သင်းခြေစစ်ပွဲအောင်မည်ဖြစ်သည်။ သို့သော် အိမ်ရှင် တရုတ်အသင်းက ခြေစစ်ပွဲဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အုပ်စုဗိုလ်နေရာရခဲ့သဖြင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာအတွက် ခြောက်သင်းနေရာရရှိမည်ဖြစ်သည်။ လက်ရှိအချိန်တွင် အုပ်စုဆယ်ခုမှ အကောင်းဆုံးအုပ်စု ဒုတိယနေရာအတွက် အသင်းငါးသင်းပေါ်ထွက်ခဲ့ပြီဖြစ်ပြီး လက်ကျန်တစ်နေရာအတွက် မြန်မာနှင့် အီရတ်တို့ မျှော်လင့်ချက်ရှိနေသည်။

မြန်မာယူ-၂၂အသင်းမှာ အကောင်းဆုံးအုပ်စု ဒုတိယနေရာအတွက် အုပ်စုအောက်ဆုံးအသင်း ဘရူနိုင်းနှင့်ပွဲရလဒ်ကို ပယ်ဖျက်ထားသဖြင့် စင်ကာပူ၊ သြစတြေးလျပွဲရလဒ်များအရ ရမှတ် ၃ မှတ်၊ ဂိုးကွာခြားချက် -၁ ရှိနေသည်။ အီရတ်အသင်းမှာ လက်ရှိအချိန်တွင် ရမှတ် ၃ မှတ်၊ ဂိုးကွာခြားချက်+၁ ရှိနေသည်။ ယနေ့ညတွင်ကစားရန်ကျန်ရှိနေသေးသည့် ဆော်ဒီအာရေဗျအသင်းနှင့် အီရတ်အသင်းတို့ပွဲတွင် ဆော်ဒီအသင်းက သုံးဂိုးပြတ်အနိုင်ရမှသာ မြန်မာယူ-၂၃အသင်းခြေစစ်ပွဲအောင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly