ဆောက်သမ်တန်နောက်ခံလူဗန်ဒိုက် တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေရပြီး အသင်းပြောင်းချင်နေ

ဆောက်သမ်တန်နောက်ခံလူဗန်ဒိုက် တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေရပြီး အသင်းပြောင်းချင်နေ

ဇူလိုင် ၂၂၊ ဆောက်သမ်တန်။                 ။ ဆောက်သမ်တန်အသင်းခေါင်းဆောင် ဗန်ဒိုက်သည် တစ်ဦးတည်းလေ့ကျင့်ခန်းဆင်းနေရပြီး အသင်းပြောင်းချင်နေသည်ဟု နည်းပြပယ်လီဂရီနိုက ပြောသည်။

ပယ်လီဂရီနိုသည် ယင်းကစားသမားဖြစ်သူမှာ စိတ်ဓါတ်ရာနှုန်းပြည့်မထားနိုင်ဟုယူဆသဖြင့် ကျန်အသင်းသားများနှင့်ခွဲထားပြီး တစ်ဦးတည်းလေ့ကျင့်ခိုင်းထားခြင်းဖြစ်သည်။

အသက် ၂၆ နှစ်အရွယ် ဗန်ဒိုက်ကိုစိတ်ဝင်စားမှုအဆုံးသတ်သွားပြီဟု လီဗာပူးလ်အသင်းက ပြီးခဲ့သည့်လတွင် ပြောထားသည့်တိုင် လက်ရှိနွေတွင် လီဗာပူးလ်သို့ရောက်သွားမည်ဟု သတင်းများ ထွက်နေသည်။

ဆောက်သမ်တန်အသင်းကမူ နယ်သာလန်လက်ရွေးစင်ကစားသမားကို အသင်းမပြောင်းရန်တားဆီးထားဦးမည်ဖြစ်သည်။ “အသင်းမှာသူမပါဘူး။ ဘာကြောင့်လည်းဆိုတော့ စိတ်ဓါတ်ပိုင်းရာနှုန်းပြည့် မရှိလို့ပဲ”ဟု ပယ်လီဂရီနိုက ဘီဘီစီသို့ ပြောသည်။

ဆက်လက်ပြီး အာဂျင်တိုင်းက “သူနဲ့စကားပြောဖြစ်တုန်းက သူအသင်းပြောင်းချင်နေတဲ့အတွက် ဆက်မကစားချင်ဘူးလို့ပြော တယ်။ ဆောက်သမ်တန်အတွက်ရာနှုန်းပြည့်ပေးဆပ်မယ့်ကစားသမားနဲ့ပဲ ကျွန်တော်အလုပ်လုပ်ချင်ပါတယ်။

ဒါကဆုံးဖြတ်ချက်တစ်ခုပါပဲ။ အိုကေ. . . တကယ်လို့မင်းအဆင်မပြေလို့ အသင်းမှာမပါချင်ဘူးဆိုရင် အချိန်ကာလတစ်ခုလောက် မင်းတစ်ယောက်တည်းလေ့ကျင့်ရမယ်လို့ ကျွန်တော် သူ့ကိုပြောခဲ့ပါတယ်”ဟု ပြောသည်။

ဗန်ဒိုက်နှင့်မိမိအကြားဆက်ဆံရေးမှာ အကောင်းဆုံးအနေအထားတွင်ဆက်ရှိနေဆဲဖြစ်ကြောင်းနှင့် နယ်သာလန်ကစားသမား အနေဖြင့် ၎င်း၏ဆုံးဖြတ်ချက်အပေါ်   ပြန်သုံးသပ်လိမ့်မည်ဟု   မျှော်လင့်ကြောင်း ဆိုခဲ့သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly