လာကာဇတ်အတွက် အချိန်လိုလိမ့်မည်ဟု ရောဘတ် ပီရက်စ်ပြော

လာကာဇတ်အတွက် အချိန်လိုလိမ့်မည်ဟု ရောဘတ် ပီရက်စ်ပြော

ဇူလိုင် ၂၂၊ လန်ဒန်။                      ။ အာဆင်နယ်ပရိသတ်များအနေဖြင့် ကလပ်စံချိန်တင်စျေးပေးထားရသည့် လာကာဇတ်၏အကောင်းဆုံးပုံစံကို လပိုင်းအတွင်း မြင်ရဖွယ်မရှိဟု အာဆင်နယ်ကွင်း လယ်ကစားသမားဟောင်း ရောဘတ် ပီရက်စ်က ပြောသည်။

၂၀၀၀ ခုနှစ်တွင် မိမိပြောင်းရွှေ့ခဲ့စဉ်ကလည်း ၆ လကျော်အချိန်ယူခဲ့ရသည်ဟု ပီရက်စ်ကပြောသည်။ ၎င်းကဲ့သို့ပြင်သစ်သား တစ်ဦးဖြစ်သည့် အသက် ၂၆ နှစ်အရွယ်လာကာဇတ်မှာ ပြီးခဲ့သည့်ရာသီက လီယွန်အသင်းအတွက် ၂၈ ဂိုးသွင်းပြီးနောက် ယခုနှစ်နွေတွင် အာဆင်နယ်သို့ပေါင် ၄၆ ဒသမ ၅ သန်းဖြင့်ရောက်လာခဲ့သည်။

“သူအောင်မြင့်လိမ့်မယ်ထင်ပါတယ်။ ဒါပေမဲ့ အချိန်တော့ယူကောင်းယူရလိမ့်မယ်”ဟု အာဆင်နယ်တွင် ခြောက်နှစ်ကြာ ကစားဖူးသည့် ပီရက်စ်ကပြောသည်။

လာကာဇတ်သည် အာဆင်နယ်အတွက်ပထမဆုံးပွဲဦးထွက်သည့် ရာသီကြိုခြေစမ်းပွဲတွင် ဆစ်ဒနီအသင်းဘက်သို့ ဂိုးသွင်းယူနိုင် ခဲ့သည်။

သို့သော်လည်း ပြင်သစ်လိဂ် ၁ မှ ပရီးမီးယားလိဂ်သို့တိုက်ရိုက်ပြောင်းခဲ့ဖူးသူဖြစ်သည့် ပီရက်စ်က လာကာဇတ်အနေဖြင့် အင်္ဂလိပ်ဘောလုံးကစားဟန်နှင့်အသားကျရန် အချိန်ယူရမည်ဟု ယုံကြည်နေသည်။

“သူကတိုက်စစ်မှူးကောင်းတစ်ယောက်ဖြစ်ပြီး လီယွန်အသင်းမှာလည်း ဂိုးတွေအများကြီးသွင်းခဲ့ပါတယ်။ အစပိုင်းမှာတော့ အခက်တွေ့နိုင်တယ်။ ဘာကြောင့်လည်းဆိုတော့ ပြင်သစ်နဲ့ အင်္ဂလန်မှာက ကစားပုံမတူလို့ပါ။

သူ့အနေနဲ့အချိန်ယူရနိုင်သလို ဘေးပတ်ဝန်းကျင်ကလည်းသိပ်အရေးကြီးပါတယ်။ အထူးသဖြင့် ပြင်သစ်အချိတ်အဆက်တွေပေါ့။ အသားကျဖို့ဆိုရင် ဟန်ချက်ညီအောင်ကြိုးစားဖို့လိုမယ်။ ကျွန်တော့်တုန်းကဆိုရင် ၆ လ၊ ရ လ လောက်အချိန်ယူခဲ့ရတယ်”ဟု ပီရက်စ်ကပြောသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly