ယာဉ်လိုင်းအချို့တွင် ပိုက်ဆံပုံးများ တပ်ဆင်မပြီးသေး၍ ယာဉ်နောက်လိုက်များ ပါနေခြင်းဖြစ်

ယာဉ်လိုင်းအချို့တွင် ပိုက်ဆံပုံးများ တပ်ဆင်မပြီးသေး၍ ယာဉ်နောက်လိုက်များ ပါနေခြင်းဖြစ်
ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်​ကုန်​၊ဇူလိုင်​၂၁ ။         ။ YBS ယာဉ်​လိုင်​းအားလုံး၌ ပိုက်ဆံပုံးများ တပ်ဆင်မပြီးစီးသေးသောကြောင့် ယာဉ်လိုင်းအချို့တွင် ဇူလိုင်လကုန်အထိ  ယာဉ်နောက်လိုက်များ ပါရှိနေဦးမည်ဟု ရန်​ကုန်​တိုင်​း​ဒေသကြီး သယ်​ယူပို့​ဆောင်​​ရေးကြီးကြပ်မှု အာဏာပိုင်​အဖွဲ့(YRTA)မှ အတွင်​း​ရေးမှူး​ ဒေါက်​တာ​မောင်​​အောင်​က ပြောသည်။

“ ရှိဦးမယ်။ ပုံးတပ်လို့ မပြီး​သေးတာ​တော့ စပယ်​ယာရှိဦးမယ်​။ ဒါ​ပေမယ်​့ ကျွန်​​တော်​တို့ အဲဒီလိုင်​း​တွေကို လကုန်​​နောက်​ဆုံးလို့​ ပြောထားတယ်​"ဟု YRTA ၏ အတွင်​း​ရေးမှူး​ဒေါက်​တာ​မောင်​​အောင်​က​ပြောသည်​။

ယာဉ်​​နောက်​လိုက်​မပါဝင်​ဘဲ ပုံးစနစ်​ဖြင်​့သာ ​ယာဉ်​စီးခကောက်​ခံရန်​ ရန်​ကုန်​တိုင်​း​ဒေသကြီးသယ်​ယူပို့​ဆောင်​​ရေးကြီးကြပ်မှုအာဏာပိုင်​အဖွဲ့(YRTA)မှ ညွှန်​ကြားထား​ကြောင်​း အတွင်​း​ရေးမှူး​ဒေါက်​တာ​မောင်​​အောင်​က ဆိုခဲ့ပြီး ဇူလိုင်​လကုန်​​ နောက်​ဆုံးထား၍ ဆောင်ရွက်ရမည်ဖြစ်သည်။

ယမန်နေ့ ဇူလိုင်​လ ၂၀ ရက်​​နေ့မှ စတင်​ပြီး ယာဉ်​​နောက်​လိုက်​မပါဝင်​ဘဲ ပုံးစနစ်​ဖြင်​့သာ ယာဉ်​စီးခ​ကောက်​ခံရန် ကားလိုင်းများကို YRTA မှ ညွှန်ကြားထားသည်။ သို့သော် ဇူလိုင်လ ၂၁ ရက်အထိ ပိုက်ဆံပုံးတပ်ဆင်ထားခြင်းမရှိဘဲ ယာဉ်နောက်လိုက်ပါသော YBS ကားများ ပြေးဆွဲလျက် ရှိနေသေးသည်။

အဆိုပါ ညွှန်​ကြားချက်​အတိုင်း  ဆောင်ရွက်နေသော်လည်း ယာဉ်လိုင်းအချို့တွင် ပိုက်​ဆံ​ကောက်​ခံသည်​့ပုံး တပ်​ဆင်​မှု မပြီးစီး​သေးသဖြင်​့ ယာဉ်​နောက်​လိုက်​များဖြင်​့ ဆက်​လက်​​ပြေးဆွဲ​နေခြင်း ဖြစ်သည်ဟု  ​ဒေါက်​တာ​မောင်​​အောင်​က ဆိုသည်​။

ဇူလိုင်လကုန်ပါက ပိုက်ဆံပုံးတပ်ဆင်မှုမရှိခြင်း၊ ယာဉ်နောက်လိုက်များ ရှိခြင်းများတွေ့ရှိပါက YRTA မှ လိုင်စင်ပိတ်သိမ်းသည်အထိ အရေးယူသွားမည်ဟု သိရသည်။

"ကျွန်​​တော်​တို့​ပြောတဲ့ဟာ မလိုက်​နာရင်​​တော့ ကားတစ်​စီးချင်​းကိုဖြုတ်​သွားမှာပဲ​ ။လိုင်​စင်​ပိတ်​သိမ်​း သွားမှာပဲ ။ အဲ့လို​တော့ရှိတယ်​"ဟု YRTAမှ ​ဒေါက်​တာ​မောင်​​အောင်​က​ ပြောသည်​။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly