လေဗာကူဆင်တိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို ဝက်စ်ဟမ်းအသင်း ပေါင် (၁၆)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ

လေဗာကူဆင်တိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို ဝက်စ်ဟမ်းအသင်း ပေါင် (၁၆)သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိ
(ဓာတ်ပုံ - အီးပီအေ)

ဝက်စ်ဟမ်းယူနိုက်တက်ဟာ မက္ကဆီကန်ကစားသမား ဂျာဗီးယား ဟာနန်ဒက်ဇ်ကို ပေါင် (၁၆)သန်းနဲ့ ခေါ်ယူဖို့ ဘိုင်ယန်လေဗာကူဆင်နဲ့ သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ပရီးမီးယားလိဂ်ကလပ်က ကြာသပတေးနေ့က ကြေညာခဲ့ပါတယ်။

ချီချာရီတိုလို့ လူသိများတဲ့ တိုက်စစ်မှူးဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေ ညှိနှိုင်းရန်နှင့် ဆေးစစ်ခံယူရန် မကြာခင် ရက်ပိုင်းအတွင်း လန်ဒန်သို့ သွားရောက်မှာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် ချီချာရီတိုဟာ ၂၀၁၅ ခုနှစ်၊ သြဂုတ်လမှာ ဂျာမန်ကလပ် လီဗာကူဆင်အသင်းဆီ ပေါင် ရ.၃ သန်းနဲ့ မပြောင်းရွှေ့ခင် ၂၀၁၀ ခုနှစ်က မန်ယူအသင်းကို ရောက်ရှိခဲ့ပြီး ၁၅၆ ပွဲကစား၊ ၅၉ ဂိုးသွားယူခဲ့ပြီး ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ရရှိခဲ့ပါတယ်။

သူဟာ ဂျာမန်ကလပ်အသင်းအတွက် ရ၆ ပွဲကစား၊ ၃၉ ဂိုး သွင်းယူခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းက ချီချာရီတိုဟာ ခရိုအေးရှားအသင်းနဲ့ ခြေစမ်းပွဲမှာ တစ်ဂိုးသွင်းယူခဲ့ပြီးနောက် မက္ကဆီကိုအသင်းရဲ့ ထာဝရဂိုးအများဆုံးသွင်းသူဖြစ်လာပါတယ်။

Ref; EFE_EPA, BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly