အိန္ဒိယတွင် လွတ်လပ်ရေးရပြီးနောက် ဒုတိယမြောက်အဖြစ် ဇာတ်နိမ့်သမ္မတ တင်မြှောက်

အိန္ဒိယတွင် လွတ်လပ်ရေးရပြီးနောက် ဒုတိယမြောက်အဖြစ် ဇာတ်နိမ့်သမ္မတ တင်မြှောက်

နယူးဒေလီ၊ ဇူလိုင် ၂၀ ။          ။ အိန္ဒိယနိုင်ငံတွင် ဇာတ်နိမ့်တစ်ဦးဖြစ်သည့် ရမ်နက်ရှ်ကိုဗင်သည် သမ္မတအဖြစ် ဇူလိုင် ၂၀ ရက်တွင် ရွေးကောက်တင်မြှောက်ခံရသည်။

ရမ်နက်ရှ်ကိုဗင်သည် လွတ်လပ်ရေးရပြီးနောက်ပိုင်း ဟိန္ဒူဇာတ်ခွဲခြားသည့် စနစ်တွင် ဇာတ်နိမ့်တစ်ဦးက နိုင်ငံ၏ ဦးသျှောင် သမ္မတအဖြစ် တင်မြှောက်ခံရသည့် ဒုတိယမြောက်သမ္မတလည်း ဖြစ်သည်။

ကိုဗင်သည် တိုင်းပြုပြည်ပြုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တို့တွင် မဲရလဒ် ၆၅ ရာခိုင်နှုန်းဖြင့် အပြတ်အသတ်အနိုင်ရခြင်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ပြောသည်။

အသက် ရ၁ နှစ်ရှိ ကိုဗင်သည် Dalit ဇာတ်နိမ့်အသိုင်းအဝိုင်းမှ အုပ်ချုပ်ရေးမှူးဖြစ်ကာ ရှေ့နေဟောင်းတစ်ဦးလည်းဖြစ်ပြီး ဝန်ကြီးချုပ် မိုဒီ၏ အာဏာရပါတီက သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်သည်။

အတိုက်အခံ ကွန်ဂရက်ပါတီကလည်း Dalit ဇာတ်နိမ့်တစ်ဦးကိုပင် သမ္မတအဖြစ် အမည်စာရင်းတင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဌဟောင်း မေယာကူးမားက ပြောခဲ့သည်။

သို့သော်လည်း မိုဒီ၏ BJP ပါတီက ပြည်နယ်မဲအရေအတွက် လုံလောက်စွာ ရရှိခဲ့ပြီး ၎င်းတို့၏ သမ္မတကိုယ်စားလှယ်လောင်း မဲအသာရကာ ရွေးကောက်တင်မြှောက်ခံရခြင်းပင် ဖြစ်သည်။

"ရမ်နက်ရှ်ကိုဗင်ရဲ့ သမ္မတအဖြစ်ရွေးကောက်ခံရခြင်းကို ဂုဏ်ယူမိပါတယ်။ ရာထူးကာလတစ်လျှောက်မှာ အောင်မြင်မှုတွေ ဆောင်ကြဉ်းနိုင်ပါစေ။"ဟု တွစ်တာတွင် မိုဒီက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly