အေအိုင်ဒီအက်စ်ကြောင့် ၂၀၁၆ ခုနှစ် သေဆုံးနှုန်း ထက်ဝက်လျော့ကျကာ တစ်သန်းနီးပါးရှိ

အေအိုင်ဒီအက်စ်ကြောင့် ၂၀၁၆ ခုနှစ် သေဆုံးနှုန်း ထက်ဝက်လျော့ကျကာ တစ်သန်းနီးပါးရှိ

ပါရီ၊ ဇူလိုင် ၂၀ ။                 ။ အေအိုင်ဒီအက်စ်ကြောင့် သေဆုံးသူဦးရေနှုန်းထားသည် ၂၀၁၆ ခုနှစ်အတွင်း တစ်သန်းနီးပါးရှိရာ သေဆုံးနှုန်း အမြင့်မားဆုံးဖြစ်ခဲ့သည့် ၂၀၀၅ ခုနှစ်က နှုန်းထားထက် တစ်ဝက်နီးပါး ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာအရ သိရသည်။

ကုလသမဂ္ဂက ဇူလိုင် ၂၀ ရက်တွင် ထုတ်ပြန်သော အစီရင်ခံစာတွင် နှုန်းထား အလွန်အမင်း ကျဆင်းခြင်းပင်ဟု အတည်ပြုပြောထားသည်။

အိတ်ချ်အိုင်ဗီကူးစက်ခံရသည့် လူနာသစ်နှင့် ရောဂါကြောင့် သေဆုံးနှုန်း ကျဆင်းခြင်းသာမက သက်တမ်းဆန့်သည့် ဆေးဝါးကုသမှု ခံယူကြသော ဦးရေသည်လည်း ယခင်ထက် ပိုမိုများပြားလာခဲ့ကြောင်း ဇူလိုင် ၂၃ ရက်တွင် ပါရီမြို့မှာ ကျင်းပမည့် အေအိုင်ဒီအက်စ်သိပ္ပံညီလာခံအကြို ထုတ်ပြန်သော ကုလသမဂ္ဂ အစီရင်ခံစာတွင် ဖော်ပြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags