အနောက်၏ ပိတ်ဆို့မှုကို တုံ့ပြန်သည့် အနေဖြင့် ရုရှက အနောက်နိုင်ငံက တင်သွင်းသည့် အစားအစာတန်ပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့

အနောက်၏ ပိတ်ဆို့မှုကို တုံ့ပြန်သည့် အနေဖြင့် ရုရှက အနောက်နိုင်ငံက တင်သွင်းသည့် အစားအစာတန်ပေါင်းများစွာကို ဖျက်ဆီးပစ်ခဲ့

တားမြစ်ပိတ်ဆို့မှုများကို ချိုးဖောက်ကာတင်သွင်းလာသည့် အနောက်တိုင်းဖြစ် ဒိန်ခဲနှင့် အခြားအစားအစာတန်ပေါင်းများစွာကို ရုရှနိုင်ငံက တန်ပေါင်းများစွာ အစုလိုက် ဘူဒိုဇာများဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

ယင်းအစားအစာများအပြင် သစ်သီးဝလံများကိုလည်း နင်းခြေဖျက်ဆီးပစ်ကာ ဝက်ပေါင်ခြောက်များကို မီးရှို့ဖျက်ဆီးပစ်ခဲ့သည်။၏ ယခုလုပ်ဆောင်ချက်သည် ခရိုင်းမီးယားအရေးတွင် ရုရှကျုးကျော်မှုအား အီးယူနှင့် အမေရိကန်တို့က ဒဏ်ခတ်ပိတ်ဆို့မှုများပြုလုပ်ခဲ့ကြသည်ကို တုံ့ပြန်သည့်အနေဖြင့် အနောက်နိုင်ငံများမှ အစားအစာထုတ်ကုန်များကို ရုရှက ကန့်သတ်ပိတ်ဆို့ပစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အစားအစာတန်ပေါင်းများစွာကို ယခုလို ဖျက်ဆီးပစ်ခြင်းဖြစ်သည်။

ထိုပြင် ဆင်းရဲမွဲတေမှုတိုက်ဖျက်ရေးသမားများက ယခုလိုစားသောက်ကုန်များကို ဖျက်ဆီးပစ်ခြင်းက ဆင်းရဲမွဲတေမှုကို ဖန်တီးခြင်းဖြစ်သည်ဟု စိတ်ဆိုးဒေါသထွက်ခဲ့ကြရသည်။

အနောက်တိုင်းတိုင်း စားသောက်ကုန်များကို ဖျက်ဆီးမှုတွင် ဘူဒိုဇာတစ်စီးက တစ်နာရီအတွင်း ဒိန်ခဲတန်ချိန် ကိုးတန်ကို ဖျက်ဆီးပစ်ပြီး အခြားစားသောက်ကုန်များကိုလည်း မီးရှို့ခဲသည်။

ဝက်ပေါင်ခြောက်သေတ္တာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သကဲ့သို့ မက်မွန်သီးများနှင့် အားလူးများကိုလည်း ဖျက်ဆီးပစ်ခဲ့ခြင်းဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly