မန်စီးတီးမှ ဂိုးသမား ဂျိုးဟတ်ကို ဝက်စ်ဟမ်းအသင်း အငှားနဲ့ ခေါ်ယူ

မန်စီးတီးမှ ဂိုးသမား ဂျိုးဟတ်ကို ဝက်စ်ဟမ်းအသင်း အငှားနဲ့ ခေါ်ယူ
(ဓာတ်ပုံ - ဝက်စ်ဟမ်း)

ဝက်စ်ဟမ်းယူနိုက်တက်ဟာ မန်ချက်စတာစီးတီးအသင်းရဲ့ အင်္ဂလန်ဂိုးသမား ဂျိုးဟတ်ကို တစ်ရာသီအငှါးစာချုပ်နဲ့ ခေါ်ယူ စာချုပ်ခဲ့ပြီဖြစ်ကြောင်း အင်္ဂါနေ့က ကြေညာခဲ့ပါတယ်။

ဂျိုးဟတ်ဟာ ပြီးခဲ့တဲ့ နွေရာသီက နည်းပြသစ် ဂွာဒီယိုလာ ရောက်ရှိမလာခင်အထိ စီးတီးအသင်းမှာ ပထမဂိုးသမားအဖြစ်ရှိနေပေမယ့် နည်းပြသစ်ရဲ့ အစီအစဉ်မှာ အသက် ၃၀ နှစ်ရှိ ဂိုးသမားဟာ ပါဝင်ခဲ့ခြင်း မရှိခဲ့ပါဘူး။

မန်စီးတီးဟာ ဂျိုးဟတ်နှင့်အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်ရရှိခဲ့ပြီး သူဟာ ပြီးခဲ့တဲ့ရာသီက အီတလီကလပ် တိုရင်နိုအသင်းဆီ အငှားနဲ့ သွားရောက်ခဲ့ပါတယ်။

"ကျနော့်အတွက် ဘောလုံးကစားနေဖို့က အရေးကြီးပါတယ်။ ဒီကိုလာဖို့ အခွင့်အရေး ရဖို့နဲ့ ကစားရဖို့ဟာ လုံးဝ အံ့အားသင့်စရာပါပဲ။ ဝက်စ်ဟမ်းလို အသင်းကြီးတစ်သင်းအတွက် ပရီးမီးယားလိဂ်မှာ ကစားရဖို့ဖြစ်လာပြီး ကျနော် လာမယ့်ရာသီသစ်အတွက် အမှန်တကယ် အကောင်းမြင်နေပါတယ်။"လို့ ဟတ်က ဝက်စ်ဟမ်း TV ကို ပြောကြားခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က မန်စီးတီးအသင်းနဲ့ ပူးပေါင်းခဲ့တဲ့ ဟတ်ဟာ သြဂုတ် ၄ ရက်မှာ ခြေစမ်းပွဲအဖြစ် ၎င်းရဲ့ မိခင်ကလပ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags