တောင်တရုတ်ပင်လယ်တွင် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ကန့်သတ်ချက် မှန်သမျှ အမေရိကန်က သညး်ခံလိမ့်မည်မဟုတ် ဟုနိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီပြောကြား

တောင်တရုတ်ပင်လယ်တွင် ရေကြောင်းသွားလာမှု လွတ်လပ်ခွင့်ကို ကန့်သတ်ချက် မှန်သမျှ အမေရိကန်က သညး်ခံလိမ့်မည်မဟုတ် ဟုနိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီပြောကြား
ဓာတ်ပုံ - ယာဟူး နယူးစ်

တောင်တရုတ်ပင်လယ်တွင် မည်သည့် ရေကြောင်းသွားလာမှု ကန့်သတ်ချက်ကိုမျှ ဝါရှင်တန်က သည်းခံလိမ့်မည် မဟုတ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက သြဂုတ်လ ၆ ရက်က ကျင်းပသွားခဲ့သည့် ပေကျင်း၏ ကျွန်းတုတည်ဆောက်မှုနှင့် ပတ်သက်သော တင်းမာမှုများ ကသာ လွှမ်းမိုးနေခဲ့သည့် ဒေသတွင်း လုံခြုံရေးအစည်းအဝေးတစ်ခုတွင် ပြောကြားသည်။

''ရှင်းရှင်းပြောရရင် ရေပြင်ဝေဟင် သွားလာပျံသန်းမှု လွတ်လပ်ခွင့်၊ (ဒါမှမဟုတ်) တခြား ပင်လယ်ကို ဥပဒေနဲ့အညီ အသုံးပြုခွင့်တွေကို တားမြစ်ကန့်သတ်ချက်မှန်သမျှ အမေရိကန်ပြည်ထောင်စုက လက်ခံ မှာမဟုတ်ပါဘူး။ ဒါတွေက ကျွန်တော်တို့အားလုံး ဘုံပိုင်ဆိုင်တဲ့ မွေးရာပါအခွင့်အ ရေးတွေပါ''ဟု ဂျွန်ကယ်ရီက ပြောသည်။ ကွာလာလမ်ပူတွင် အာဆီယံအဖွဲ့က လက်ခံကျင်းပခဲ့သည့် လုံခြုံရေး အစည်း အဝေးတွင် ကယ်ရီက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းပင် ဖြစ်သည်။

တရုတ်က ကျွန်းတုများကို ချဲ့ထွင်ပြီး စစ်စခန်းများ တည်ဆောက်လာခဲ့ရာတွင် အိမ်နီးချင်း အချို့က ဒေသတွင်းတွင် ရန်စသည့်လုပ်ရပ်များကို ဆန့်ကျင်သည့် သဘောတူညီချက်ကို ချိုးဖောက်သောခြေလှမ်း တစ်ရပ်ဟု ယူဆကြသောကြောင့် စိုးရိမ်မှုများ ထွက်ပေါ်လာခဲ့သည်။  

တအုံနွေးနွေးဖြစ်လာနေသည့်တောင်တရုတ်ပင်လယ်အငြင်းပွားမှုက မလေးရှား အစည်းအဝေးကို ဖုံးလွှမ်းသွားခဲ့ပြီး ယင်းအစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင် ၁၀နိုင်ငံအပြင်၊တရုတ်၊ ဂျပန်၊တောင်ကိုရီးယားနှင့် အမေရိကန်ပြည်ထောင်စု အပါအဝင် အခြားနိုင်ငံပေါင်း တစ်ဒါဇင်ကျော် တက် ရောက်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly