ဖိလစ်ပိုင်တွင် ထောင်ဖောက်ပြေးသည့် အကျဉ်းသားများကို ရဲက လိုက်လံပစ်ခတ်ဖမ်းဆီး၍ သုံးဦးသေဆုံး

ဖိလစ်ပိုင်တွင် ထောင်ဖောက်ပြေးသည့် အကျဉ်းသားများကို ရဲက လိုက်လံပစ်ခတ်ဖမ်းဆီး၍ သုံးဦးသေဆုံး

ဇူလိုင် ၁၆ ။                ။ ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းတွင် ဇူလိုင်လ ၁၅ ရက်က အကျဉ်းထောင်တစ်ခုမှ ထွက်ပြေးလွတ်မြောက်သွားသော အကျဉ်းသားများကို ရဲတပ်ဖွဲ့က လိုက်လံပစ်ခတ်ဖမ်းဆီးရာတွင် အကျဉ်းသားသုံးဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်ဟု သိရသည်။

နာမည်ဆိုးထွက်နေသည့် အဘူဆေယက်ဖ် စစ်သွေးကြွများ၏ အခြေစိုက်ရာ ဖိလစ်ပိုင်တောင်ပိုင်းကျွန်း Jolo တွင် ယင်းဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ယင်းဖြစ်စဉ်တွင် နိုင်ငံတောင်ပိုင်း Jolo ကျွန်းရှိ အကျဉ်းစခန်းတစ်ခုမှ အကျဉ်းသား ၁၄ ဦးထိ လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းတို့အနက်မှ သုံးဦး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

Jolo ကျွန်းသည် ပြန်ပေးဆွဲ ငွေညှစ်သည့် အဘူဆေယက်ဖ် စစ်သွေးကြတို့၏ အမာခံနယ်မြေ ဖြစ်ပြီး ထွက်ပြေးခဲ့သည့် ထောင်သားတစ်ချို့မှာ စစ်သွေးကြွများနှင့် ချိတ်ဆက်မှုရှိသူများဖြစ်ကြောင်း   ဒေသရဲတပ်ဖွဲ့အကြီးအကဲ မာရီယို ဘူယူကန်က ပြောသည်။

" သူတို့က ထောင်ဘေးမှာ ကာထားတဲ့ အကာအရံတွေကို ဖြတ်ပြီး ခုန်ကျထွက်ပြေးနိုင်ခဲ့တာပါ၊ သူတို့ထွက်ပြေးတာကို သိသိချင်းပဲ ကျွန်တော်တို့တပ်တွေ ချက်ချင်းလိုက်တော့ သုံးယောက်တော့ ပစ်ခတ်ဖမ်းဆီးလိုက်ရပါတယ်၊ တစ်ယောက်လည်း ဒဏ်ရာတွေ ရကုန်ကြပါတယ်၊ သူတို့ထဲက တစ်ချို့ စစ်သွေးကြွတွေနဲ့ အချိတ်အဆက်ရှိကြပါတယ်" လို့ ၎င်းက ပြောပါတယ်။

လွတ်မြောက်သွားသည့် အကျဉ်းသား ဆယ်ဦးကို ရဲတွေလိုက်ဖမ်းနေဆဲဖြစ်ကြောင်းနဲ့ အကျဉ်းထောင်အတွင်း မူးယစ်မှုနဲ့ ကျခံနေရတဲ့ အကျဉ်းသား ၃၂ ဦးထိ ရှိခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly