တစ်နေ့ တစ်နေ့ အလုပ်တွေကို ကိုယ့်ရဲ့အလုပ်စားပွဲရှေ့သာမက ဖုန်းနဲ့ပါ အလုပ် လုပ်လာကြတဲ့အပေါ် အင်တာနက်အမြန်နှုန်းက ပိုပြီးအရေးပါလာပါတယ်။ လိုင်းကျတာကတစ်မျိုး၊ အင်တာနက်နှေးကွေးတဲ့အခါ မေတို့လို အွန်လိုင်းကတဆင့် အလုပ် လုပ်သူတွေအတွက်ကတော့ အမြဲစိုးရိမ်နေရတာပါပဲ။
4G တဲ့ ။ ပိုမိုမြန်ဆန်တဲ့ အင်တာနက်လို့ကြော်ငြာထားတာကြောင့် မေ စိတ်ဝင်စားမိသွားပါတယ်။ သူပြောထားသလို ဟုတ်ရဲ့လားတော့ စိတ်ထဲ သံသယဖြစ်မိပါတယ်။ ဒါကြောင့် အူရီဒူးရဲ့ 4 G အင်တာနက်ကို စမ်းသုံးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မဝယ်ခင်တော့ ဒါကို သုံးနေတယ်ဆိုတဲ့ ရုံးက အစ်ကိုတစ်ယောက်ရဲ့ အတွေ့အကြုံကိုတော့ အရင် မေးမိပါတယ်။ အမျိုးသမီးတွေဆိုတာ စေ့စပ်တဲ့ အမျိုးမှတ်လား။
“အူရီဒူးသုံးတယ်။ ဇာတ်ကားတွေကြည့်တယ်။ ဟို အွန်လိုင်းပေါ်က ပြောသလို အချိန်တောင် မရှိဘူး။ မြန်ချက် ဆိုတာ။ အူရီဒူး ပေးရတဲ့အပေါ် တန်တယ်လို့ ခံစားမိတယ်” လို့ပြောတာကြောင့် ပိုစိတ်ဝင်စားသွားမိပါတယ်။
ကိုယ်ကလည်း Appzone အပြင် ဗီဒီယိုတွေကြည့်ဖို့ VuClip၊ သီချင်းတွေအတွက် mJams App တွေ သုံးတယ်ဆိုတော့ ကွက်တိပဲပေါ့။ ဒီ အပလီကေးရှင်းတွေလည်း အူရီဒူးမှာ သုံးလို့ရပြီး 4 G Speed ကလည်း မြန်တယ်ဆိုတော့ မေ့အတွက်ကတော့ အဆင်ပြေမှပြေပါပဲရှင်။
“ပေါင်းကူး ”ဆိုတဲ့ တစ်လစာ Data Packs က လိုသလောက်သုံးပြီးရင် ပိုနေတာတွေ သယ်ပေးမှာဖြစ်လို့ မေတို့အတွက် တွက်ချေကိုက်တယ်ပြောရမှာပေါ့။ ကျသင့်ငွေ အနည်းဆုံး ၉၉၉ ကျပ်ကနေ ၉၉၉၉၉ ကျပ် ကျသင့်ပြီး 800MB ကနေ 130 GB အထိ ဒေတာတွေ ရရှိနိုင်မှာဖြစ်လို့ အလုပ်အနေနဲ့ သုံးသုံး၊ ဗီဒီယိုတွေ၊ သီချင်းတွေအတွက်သုံးသုံး အိုကေပဲပေါ့ရှင်။
ဝယ်ပြီးတာနဲ့ ဖေ့ဘွတ်ခ်၊ Viber၊ Bee Talk တွေ အခမဲ့သုံးနိုင်မှာဖြစ်ပြီး အူရီဒူးဖုန်း အချင်းချင်း အခမဲ့ ခေါ်ဆိုနိုင်မှာဆိုတော့ ဒီအစီအစဉ်ကို ဝယ်ဖို့ ဘယ် လက်နှေးတော့မလဲရှင်။