ဒေသန္တရလက်လုပ်မိုင်း ၁ လုံး မောင်တောတွင် ပေါက်ကွဲမှုဖြစ်ပွား

ဒေသန္တရလက်လုပ်မိုင်း ၁ လုံး မောင်တောတွင် ပေါက်ကွဲမှုဖြစ်ပွား
ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီ

ဇူလိုင် ၁၅ ။          ။ မောင်တောမြို့နယ် ပြောင်ပိုက်ကျေးရွာနှင့် ငါးစားကြူးကျေးရွာအကြားတွင် ဒေသန္တရလက်လုပ်မိုင်း ၁ လုံး ယနေ့ ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်ဟု နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်သည်။

ဖြစ်စဉ်မှာ ယနေ့ ဇူလိုင် ၁၅ ရက် နံနက် ၁၁ နာရီတွင် အမျိုးသား ၄ ဦးသည် လယ်စိုက်ပျိုးပြီး ထမင်းစားနားချိန်၌ လယ်အနီးရှိ တောင်ကုန်းပေါ်သို့တက်စဉ် အဆိုပါ မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

အဆိုပါပေါက်ကွဲမှုတွင် သုံးဦး သေဆုံး၍ တစ်ဦး ဒဏ်ရာရခဲ့ကာ  အခင်းဖြစ်နေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ ဆွေယော့ဒူလာ ၁၄ နှစ် သည် နေရာတွင်ပင် သေဆုံးခဲ့သည်။

မွန်းလွဲ ၁ နာရီတွင် ဒဏ်ရာရရှိသူ ဖေရန် ၆၀ နှစ် (စိုးရိမ်ရ)၊အူစမန် ၁၇ နှစ်(စိုးရိမ်ရ)၊ ကီမန်ဟူဆောင်း ၁၂ နှစ်(မစိုးရိမ်ရ) တို့အား မောင်တောဆေးရုံသို့ပို့ဆောင်၍ ဆေးကုသမှုခံယူခဲ့သည်။ ညနေ ၄ နာရီတွင် ၁၅ မိနစ်တွင် ဒဏ်ရာရရှိသူ ဖေရန် နှင့်အူစမန်တို့ ၂ ဦးသည် ဆေးရုံ၌ သေဆုံးခဲ့ရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းပေါက်ကွဲသည့် အနီးပတ်ဝန်းကျင်တစ်ဝိုက် နယ်မြေရှင်းလင်းလျက် ရှိကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly