အီရန်နျူကလီးယား သဘောတူညီချက်မှာ သံတမန်နည်းလမ်းက စစ်ပွဲကို အနိုင်ရ ခြင်းဖြစ်သည်ဟု အိုဘားမား ခုခံပြောကြား

အီရန်နျူကလီးယား သဘောတူညီချက်မှာ သံတမန်နည်းလမ်းက စစ်ပွဲကို အနိုင်ရ ခြင်းဖြစ်သည်ဟု အိုဘားမား ခုခံပြောကြား

သဘောတူညီချက်ကို ဥပေက္ခာ ပြုလိုက်ခြင်းမှာ စစ်ဖြစ်မည့်အလားအလာကို လမ်းဖွင့်ပေး သကဲ့သို့ ဖြစ်မည် ဖြစ်ကြောင်း အမေရိကန်သမ္မတ ဘားရက်အိုဘားမားက နိုင်ငံရေးအတိုက်အခံများနှင့် အစ္စရေး တို့၏ အလုံးအရင်းနှင့် ကန့်ကွက်သည့် လှုပ်ရှားမှုများနှင့် ပတ်သက်၍ အမေရိကန် ဦးဆောင်သည့် အီရန်နှင့် နိုင်ငံတကာ နျူကလီးယားသဘောတူညီချက်ကို ခုခံပြောကြားခဲ့သည်။

အကယ်၍ ကွန်ဂရက်က အီရန်နှင့် နျူကလီးယားသဘောတူညီချက်ကို ကန့်ကွက်လိုက်ပါက တီဟီရန်ကို နျူကလီးယား ဗုံးထုတ်လုပ်ရေးလမ်းကြောင်းပေါ်သို့ တွန်းပို့ပေးရာရောက်ပြီး အမေရိက အပေါ် ယုံကြည်မှုကိုလည်း ထိခိုက်ပျက်စီးစေလိမ့်မည်ဟု အိုဘားမားက သမ္မတဟောင်း ဂျွန်အက်ဖ် ကနေဒီနှင့် ရော်နယ်ရီဂင်တို့၏ စစ်အေးခေတ် ငြိမ်းချမ်းရေး ဖော်ဆောင်မှုလုပ်ရပ်များကို သမိုင်း ကြောင်းလှန်၍ ကိုးကား ပြောကြားသည်။

တစ်ကမ္ဘာလုံးနီးပါးက တညီတညွတ်တည်း ထောက်ခံခဲ့သည့် ခက်ခက်ခဲခဲ ကြိုးစားထားရ သော သံတမန်နည်းလမ်းကို ကျောခိုင်းလိုက်သည်နှင့် တစ်ပြိုင်နက် စစ်ရေးမှလွဲ၍ အခြားနည်းဖြင့် ဖြေရှင်းစရာ မရှိတော့သကဲ့သို့ ဖြစ်သွားလိမ့်မည်ဟုလည်း အိုဘားမားက ပြောကြားသည်။  

''ကျွန်တော်တို့ကွဲလွဲမနေကြပါစို့နဲ့။ ကျွန်တော်တို့ ရွေးချယ်ရမှာက သံတမန်နည်းလား၊ စစ်ပွဲ လား ဆိုတာပါပဲ။ စစ်ပွဲက မနက်ဖြန် ဖြစ်ချင်မှဖြစ်မယ်။ နောက်သုံးလကြာလို့လည်း ဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် မကြာမီ ဖြစ်လာမှာပါ''ဟု အိုဘားမားက ပြောကြားသည်။

အိုဘားမား၏ မိန့်ခွန်းမှာ အီရန်နှင့် ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံကြား ၁၈ လကြာ စေ့စပ်ညှိနှိုင်း ယူခဲ့ရသည့် ဇူလိုင် ၁၄ ရက်သဘောတူညီချက်ကို ထောက်ခံရေး တွန်းအားပေးသည့် လှုပ်ရှားမှု၏ တစ်စိတ် တစ်ပိုင်းပင် ဖြစ်သည်။ အီရန်က အရပ်ဘက်သုံးအတွက်သာ ရည်ရွယ်သည်ဟု ပြောသည့် နျူကလီးယားအစီအစဉ်ကို ထိန်းချုပ်ကန့်သတ်ပေးရသည့်အတွက် အတုံ့အလှည့်အားဖြင့် ကမ္ဘာ့ အင်အားကြီး ၆ နိုင်ငံက အီရန်အပေါ် စီးပွားရေးပိတ်ဆို့မှုများကို ဖယ်ရှားပေးရန် သဘောတူခဲ့ကြ သည်။

အီရန်နျူကလီးယား သဘောတူညီချက်ကို ထောက်ခံရန် အိမ်ဖြူတော်က ကွန်ဂရက်ကို ဖိအားပေးနေသည်။ ကြော်ငြာအလုံးအရင်း သုံးစွဲနေသည့် ဆန့်ကျင်ကန့်ကွက်ရေး လှုပ်ရှားမှုများကို တန်ပြန်သော အားဖြင့် ပရိသတ်များအား ၎င်းတို့၏ ကိုယ်စားလှယ်များကို ဆက်သွယ်ပြီး သဘော တူညီချက်ကို ထောက်ခံရန် တိုက်တွန်းပေးကြဖို့ အိုဘားမားက တောင်းဆိုခဲ့သည်။

စက်တင်ဘာ ၁၇ ရက်တွင် ကွန်ဂရက်က သဘောတူညီချက်ကို မဲခွဲဆုံးဖြတ်မည် ဖြစ်သည်။ အကယ်၍ ကွန်ဂရက်က သဘောတူညီချက်ကို ပယ်ချသည့် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့ပြီး သမ္မတ၏ ဗီတိုကို လည်းကျော်လွှားနိုင်ခဲ့ပါက အိုဘားမား၏ ဒဏ်ခတ်ပိတ်ဆို့မှုများ ဖယ်ရှားနိုင်သည့် အခွင့် အာဏာကို ဖယ်ရှားလိုက်ခြင်းဖြင့် အီရန်နျူကလီးယား သဘောတူညီချက်ကိုလည်း အားနည်းပျက်ပြယ် သွားစေ မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly