စီးရီးအေကလပ် နာပိုလီအသင်းဟာ ရိုးမားအသင်းထံမှ ပေါ်တူဂီနောက်ခံလူ မာရီယိုအူးလ်ကို ကနဦးအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ကြောင်း ကြာသပတေးနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
နာပိုလီဥက္ကဋ္ဌနဲ့အတူ မာရီယိုအူးလ်တို့ရဲ့ အတူတကွ ရိုက်ကူးထားတဲ့ ဓာတ်ပုံကို ကလပ်အသင်း တွစ်တာမှာ တင်ပြီး ကစားသမားကို ကြိုဆိုခဲ့ပါတယ်။
"ပေါ်တူဂီကစားသမားဟာ ၂၀၁၈ ခုနှစ်၊ ဇွန် ၃၀ ရက်ထိ ယာယီအပြောင်းအရွှေ့နဲ့ ပူးပေါင်းမှာဖြစ်ပါတယ်။ အောင်မြင်မှုပေါ်မူတည်ပြီး အငှားပြောင်းရွှေ့ကြေးအတွက် နာပိုလီက ယူရို ၃.၇၅ သန်း ပေးချေသွားမရမှာအပြင် နောက်ထပ် ယူရိုသန်း ၅.၅ နဲ့ ဝယ်ယူရန်အတွက်ကိုလည်း ထည့်သွင်းပါဝင်ထားပါတယ်"လို့ ရိုးမားအသင်းက ၎င်းတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ ရာသီက ဒူးဒဏ်ရာကြောင့် ရိုးမားအသင်းနဲ့ (၉)ပွဲသာ ကစားနိုင်ခဲ့သူ မာရီယိုအူးလ်ဟာ အသင်းဟောင်း အမ်ပိုလီအသင်းမှာ လက်တွဲဖူးခဲ့တဲ့ လက်ရှိ နာပိုလီနည်းပြ မာရီချီ ဆာရီနဲ့ ပြန်လည်ပူးပေါင်းလိုတာဖြစပါတယ်။
နာပိုလီအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဘော်ဒိုးအသင်းမှ ပြင်သစ်ကစားသမား အာဒန်အိုးနပ်စ်ကို စာချုပ်ခဲ့ပြီးဖြစ်သလို အသက် ၂၆ နှစ် မာရီယိုအူးလ်ဟာ အသင်းအတွက် ဒုတိယမြောက် ခေါ်ယူတဲ့ ကစားသမားဖြစ်ပါတယ်။
(EFE_EPA)