ဝင်ဘယ်လ်ဒန်အိုးပင်း တင်းနစ်ဗိုလ်လုပွဲမှာ ဗီးနပ်စ်ဝီလျံနဲ့ မူဂူရူဇာ တွေ့ဆုံ

ဝင်ဘယ်လ်ဒန်အိုးပင်း တင်းနစ်ဗိုလ်လုပွဲမှာ ဗီးနပ်စ်ဝီလျံနဲ့ မူဂူရူဇာ တွေ့ဆုံ
စပိန်တင်းနစ်မယ် မူဂူရူဇာ။ (ဓာတ်ပုံ - အီးပီအေ)

ဝင်ဘယ်လ်ဒန်အိုးပင်း တင်းနစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း ဆီးမီးဖိုင်နယ်ပွဲစဉ်တွေအပြီးမှာ အမေရိကန်မှ ဗီးနပ်စ်ဝီလျံနှင့် စပိန်မှ မူဂူရူဇာတို့ ဗိုလ်လုပွဲမှာ တွေ့ဆုံယှဉ်ပြိုင်ရတော့မှာဖြစ်ပါတယ်။ ဗိုလ်လုပွဲစဉ်ကို ဇူလိုင်လ ၁၅ ရက်မှာ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ကြာသပတေးနေ့က ကစားခဲ့တဲ့ အမျိုးသမီးတစ်ဦးချင်း ဆီးမီးဖိုင်နယ်ပွဲစဉ်များမှာ ဗီးနပ်စ်ဝီလျံက ကွန်တာကို (၆-၄၊ ၆-၂) နဲ့လည်းကောင်း၊ မူဂူရူဇာက ရေဘာရီခိုဗာကို (၆-၁၊ ၆-၁) နဲ့ ပွဲငယ်နှစ်ပွဲပြတ် အနိုင်ရရှိခဲ့ကြတာဖြစ်ပါတယ်။

၂၆ နှစ်အရွယ် ကွန်တာမှာ ပြီးခဲ့တဲ့ ၂နှစ်အတွင်း အမျိုးသမီးတစ်ဦးချင်း ကမ္ဘာ့အဆင့်မှာ အဆင့် ၁၅၀ မှ ထိပ်ဆုံး ၁၀ စာရင်းသို့ ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။

အသက် ၃၇ နှစ်အရွယ် ဗီးနပ်စ်ဟာ ဝင်ဘယ်လ်ဒန်အိုးပင်း ဗိုလ်လုပွဲကို (၉) ကြိမ်မြောက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး အရင်တက်ရောက်ခဲ့တဲ့ (၈)ကြိမ်မှာ (၅) ကြိမ် ဗိုလ်စွဲခဲ့ပါတယ်။ ဗီးနပ်စ်ဟာ ဂရင်းဆလင်းအဆင့်ပြိုင်ပွဲတွေမှာလည်း စုစုပေါင်း ချန်ပီယံဆု (၇) ကြိမ်ရရှိထားသူ ဖြစ်ပါတယ်။

၂၀၁၆  ပြင်သစ်အိုးပင်း ချန်ပီယံ စပိန်တင်းနစ်မယ် မူဂူရူဇာဟာ ၂၀၁၅ ခုနှစ်က ဝင်ဘယ်လ်ဒန် ဗိုလ်လုပွဲမှာ အမေရိကန်မှ ဆီလီနာ ဝီလျံကို ရှုံးနိမ့်ခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ဗိုလ်လုပွဲကိုပြန်လည် ရောက်လာခဲ့တာဖြစ်ပါတယ်။

 ဝင်ဘယ်လ်ဒန်အိုးပင်း အမျိုးသမီးတစ်ဦးချင်း ဗိုလ်လုပွဲစဉ်ကို ဇူလိုင်လ ၁၅ ရက်၊ စနေနေ့ (မြန်မာစံတော်ချိန် ည ရး၃၀) မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။

Ref; EFE_EPA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags