စစ်ကျန်ခဲယမ်းမီးကျောက်များ တောင်ကုတ်တွင် တွေ့ရှိ

စစ်ကျန်ခဲယမ်းမီးကျောက်များ တောင်ကုတ်တွင် တွေ့ရှိ

တောင်ကုတ်၊ ဇူလိုင်လ ၁၃ ရက်။     ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာတွင် သောင်းနှင့် ချီသည့် စစ်ကျန်ခဲယမ်းများကို ဇူလိုင်လ ၁၂ ရက်နေ့ နံနက်ပိုင်းက တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

တောင်ကုတ်မြို့နယ် ကင်းတောင်ကျေးရွာ မူလတန်းစာသင်ကျောင်းနှင့် ကိုက် ၁၀၀ ခန့် ဝေးကွာသော စမ်းချောင်းတွင် လယ်သမားတစ်ဦး ခရုကောက်နေစဉ် ၎င်းကျည်ဟောင်းများကို   တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ကျည်ဟောင်းများမှာ ရိုင်ဖယ် သေနတ်ကျည်ဆန်များဖြစ်ကြောင်း တောင်ကုတ်မြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦး က RiA သို့ပြောသည်။

“ တွေ့တာက ကင်းတောင်မှာပါ။ အဲ့ဒီကျည်းဟောင်းတွေကိုက စစ်အကြွင်းကျန်တွေ ထင်ပါတယ်။ ကျည်တွေက ကျိုးပဲ့ ကုန်ပြီ။ ရိုင်ဖယ်ကျည်ဆန်တွေပါ။” ဟု တောင်ကုတ်မြို့မစခန်းမှ ရဲတပ်ဖွဲ့ဝင် တစ်ဦးကပြောသည်။

၎င်းတွေ့ရှိရသည် ကျည်ဆန်ဟောင်းများသည် အင်္ဂလိပ်ခောတ်က ကျန်ရစ်ခဲ့သော ကျည်များဖြစ်နိုင်ချေရှိပြီး၊ တောင်ကုတ်မြို မိုင်းရှာဖွေရေးတပ်မှ လာရောက်သိမ်းဆည်းသွားကြောင်းလည်း ၎င်းက ဖြေဆိုသည်။

“ အဲ့ဒါတွေက အင်္ဂလိပ်ခေတ်တုန်းက ကျန်ခဲ့တာ ထင်တယ်။ ခုတော့ မိုင်းရှာဖွေရေးတပ်က သိမ်းဆည်း သွားပါပြီ။ ကျွန်တော်တို့ရုံးကို ကြေးနန်းလည်း မရောက်သေးပါဘူး။ အဲ့ဒါကြောင့် စုံစုံလင်လင် မသိရသေးပါဘူး။” ဆက်လက်၍ ဖြေဆိုသည်။

ယခုကဲ့သို့ ဆွေးမြေ့ကျည်ဟောင်းများ၊ လက်ပစ်ဗုံးများနှင့် စစ်ကျန်ခဲယမ်းမိးကျောက်များကို ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်၊ မြေပုံ စသည့် ဒေသများတွင်လည်း လွန်ခဲ့သော လအနည်းငယ်က တွေ့ရှိရခဲ့ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly