အတ္တလန်တာအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ခဲ့တဲ့ ပါးပူ

အတ္တလန်တာအသင်းနဲ့ ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်ခဲ့တဲ့ ပါးပူ
(ဓာတ်ပုံ - အီးပီအေ)

အာဂျင်တီးနားကစားသမား အယ်လ်ဇန်ဒရောဂိုမက်ဇ်ဟာ အတ္တလန်တာအသင်းနဲ့ ၎င်းရဲ့ စာချုပ်ကို ၂၀၂၂ ခုနှစ်အထိ သက်တမ်းတိုး စာချုပ်,ချုပ်ဆိုခဲ့ကြောင်း အီတလီကလပ်က ဗုဒ္ဓဟူးနေ့က ကြေညာခဲ့ပါတယ်။

ပါးပူလို့လည်းခေါ်ဆိုကြတဲ့ အသက် ၂၉ နှစ်အရွယ် တိုက်စစ်မှူးဟာ အတ္တလန်တာအသင်းဥက္ကဋ္ဌ အန်တိုနီယို ပက်ကာစီနှင့် CEO ဖြစ်သူ လူကပ်စ် ပက်ကာစီတို့နှင့်အတူ တွေ့ဆုံစည်းနွေးပြီးနောက် စာချုပ်သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။

ပါးပူဟာ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ ၁၆ ဂိုးသွင်း၊ ၁၂ ကြိမ် ဂိုးဖန်တီးပေးခဲ့ပြီး အတ္တလန်တာအသင်းမှာလည်း အမှတ်ပေးဇယား အဆင့် ၄ မှာ ရပ်တည်နိုင်ခဲ့တာကြောင့် လာမယ့် ယူရိုပါလိဂ်ပြိုင်ပွဲကို ဝင်ရောက်ခွင့်ရရှိခဲ့ပါတယ်။

အာဂျင်တီးနားကစားသမားက သူဟာ အီတလီကလပ်ရဲ့ ဂျာစီကို ဆက်လက် ဝင်ဆင်ခွင့်ရလို့ အလွန်ပျော်ရွှင်ပြီး ကောင်းမွန်တဲ့ ရာသီတစ်ခုဖြစ်ဖို့လည်း မျှော်လင့်နေပါတယ်လို့ ပြောပါတယ်။

စာချုပ်တန်ဖိုးကို ဖော်ပြထားခြင်းမရှိပေမယ့် ခန့်မှန်းချက်အရ ပါပူဟာ တစ်ရာသီ ယူရို ၂ သန်းနီးပါး ရရှိမယ်လို့ သိရပါတယ်။

သူဟာ ပြီးခဲ့တဲ့ တစ်လအကြာက စင်္ကာပူအသင်းကို ၆-၀ ဂိုးမရှိနဲ့နိုင်တဲ့ ပွဲမှာ အာဂျင်တီးနားအသင်းမှာ ပထမဆုံးပွဲထွက် ကစားခဲ့သူဖြစ်ပါတယ်။

(EFE_EPA)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags