​ဒေါက်​ဂလက်​စ်​​ကော်​စတာ ဂျူဗင်​တပ်​စ်​အသင်​းတွင်​​ ဆေးစစ်​မှု​အောင်​မြင်​

​ဒေါက်​ဂလက်​စ်​​ကော်​စတာ ဂျူဗင်​တပ်​စ်​အသင်​းတွင်​​ ဆေးစစ်​မှု​အောင်​မြင်​

ဇူလိုင် ၁၂၊ အီတလီ ။              ။ ဘိုင်ယန်မြူးနစ်အသင်းမှ ဘရာဇီးတောင်ပံကစားသမား ဒေါက်ဂလက်စ်ကော်စတာသည် ဂျူဗင်တပ်စ်အသင်းတွင်ဆေးစစ်မှုများအောင်မြင်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ကော်စတာသည် မကြာမီ တူရင်ကလပ်အသင်းနှင့် စာချုပ် ချုပ်ဆိုတော့မည်ဖြစ်သည်။

ကော်စတာသည် ယနေ့နံနက်ပိုင်းတွင် တူရင်မြို့သို့ရောက်ရှိလာပြီး J-Medical တွင် ဆေးစစ်မှုများပြုလုပ်ခဲ့သည်။

ဂျူဗင်တပ်စ်အသင်းသည် ကော်စတာကို တစ်ရာသီအငှားစာချုပ်ဖြင့် ခေါ်ယူမည်ဖြစ်ပြီး ထို့အတွက် ပေါင် ၆ သန်းပေးချေရမည်ဖြစ်သည်။ ကော်စတာ၏ခြေစွမ်းကိုသဘောကျပြီး ရာသီအကုန်တွင်ခေါ်ယူလိုပါက ပေါင်သန်း ၄၀ပေးချေရမည်ဖြစ်သည်။

ရည်ညွှန်း All football

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly