မစ္စယန်ဟီးလီကို ဘူးသီးတောင်ဒေသခံများ ဆန္ဒဖော်ထုတ်

မစ္စယန်ဟီးလီကို ဘူးသီးတောင်ဒေသခံများ ဆန္ဒဖော်ထုတ်

ဘူးသီးတောင်၊ ဇူလိုင် ၁၂ ရက်။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စယန်ဟီးလီသည် ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့သို့သွားရာ ဘူးသီးတောင်မြို့ UN ဆိပ်ကမ်းသို့ အရောက် ညနေ ၃ နာရီ အချိန်တွင် ဒေသခံ ၃၀၀ ခန့်က ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

“ကျွန်တော်တို့ လိုချင်တဲ့ဆန္ဒက ဘက်လိုက်မှုမရှိဘဲနဲ့ တန်းတူမှုရှိအောင်ပေါ့။ လူ့အခွင့်အရေးကိစ္စနဲ့ လာတယ်ဆိုရင် လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ကုလသမဂ္ဂမှာ အစီရင်ခံစာတင်သွင်းတဲ့အခါ တစ်ဖက်သတ်မဖြစ်စေဖို့။ လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ထဲမှာတော့ ဘင်္ဂလီတစ်ခုတည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ ဌာနေတိုင်းရင်းသားတွေလည်း ဒီနေ့ဒီအချိန်မှာ ဘူးသီးတောင်၊ မောင်တောမှာ ဘင်္ဂလီတွေရဲ့ အကြမ်းဖက်မှုတွေနဲ့ ခြိမ်းခြောက်မှုတွေ အများကြီးခံနေရတာတွေကို မစ္စယန်ဟီးလီကို အများကြီးပိုပြီး သိစေချင်တယ်။ အဲဒါ ကြောင့်ပဲ ဖော်ထုတ်ရတာပါ။”ဟု ဆန္ဒဖော်ထုတ်ရာတွင် ပါဝင်ခဲ့သူ ကိုဝင်းနိုင်က ပြောသည်။

ဆန္ဒဖော်ထုတ်ရာတွင် Yang Hee Lee Get Out ၊ ခိုးဝင်ဘင်္ဂလီကုလားအရေး အခွင့်အရေးပေးသူ မစ္စယန်ဟီးလီအား အလိုမရှိ၊ ရခိုင့်အရေး ဝင်ရောက်စွက်ဖက်သူ မစ္စယန်ဟီးလီအား အလိုမရှိ၊ တောင်၊ မြောက်ကိုရီးယားလူမျိုး ပေါင်းစပ်ရေး ကြိုးစားကြည့်” စသသည့် ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။ 

မစ္စယန်ဟီးလီ၏ ယခုခရီးစဉ်သည် ဆဌမအကြိမ်မြောက်ဖြစ်ပြီး ဘူးသီးတောင်သို့မလာမီ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့များသို့ သွားရောက်ခဲ့ပြီးဖြစ်ရာ ၎င်းသည် ရခိုင်ပြည်နယ်သို့လာတိုင်း ဘက်မျှတမှုမရှိဘဲ လုပ်ဆောင်နေခြင်းများကို ရခိုင်ဒေသခံလူမျိုးများက မလိုအပ်ကြောင်း၊ ဘက်မျှတမှုကိုသာ လိုအပ်ကြောင်း ရခိုင်လူမျိုးများ၏ စကားသံများထွက် ပေါ်လျက်ရှိကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly