မောင်တောဒေသကျေးရွာများကို ဆရာတော်ဦးဝီရသူ သွားရောက်ထောက်ပံ့

မောင်တောဒေသကျေးရွာများကို ဆရာတော်ဦးဝီရသူ သွားရောက်ထောက်ပံ့

မောင်တော ဇူလိုင်၁၂ ။                ။ အမျိုးသားရေးဆရာတော် ဦးဝီရသူ ရခိုင်ပြည်နယ် မောင်တောဒေသသို့ ရောက်ရှိနေပြီး ဒေသခံများကို ပစ္စည်း(၆)မျိုး ထောက်ပံ့နေကြောင်း ဆရာတော်၏ အနီးနေ တပည့်တစ်ဦးက မဇ္ဈိမကို ပြောသည်။ ယမန်နေ့က မောင်တောဒေသကိုရောက်ရှိခဲ့ခြင်းဖြစ်ပြီး မောင်တောမြို့နယ်အတွင်းရှိ ဒေသခံ မိသားစု ၃ထောင်ကျော်အတွက် ထောက်ပံ့နေခြင်းဖြစ်ကြောင်း သိရသည်။

အလှူရှင်တစ်ဦးက သိန်း၃၀၀၊ အခြားအလှူရှင်တစ်ဦးက ၁၅၅သိန်းအပါအဝင် စုစုပေါင်းလှူဒါန်းငွေ သိန်း၅၀၀ခန့်ဖြင့် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်းသိရသည်။

ထောက်ပံ့သည့်ပစ္စည်းများမှာ မိုးကာအင်္ကျီ၊ ဖိနပ်၊ ရေဒီယို၊ ကလေးကစားစရာအရုပ်၊ အလှပြင်ပစ္စည်းနှင့် အမျိးသမီးဝတ်ယောဂီဝတ်စုံများဖြစ်သည်။

ဆရာတော်ဦးဝီရသူရောက်ရှိနေသည့် မောင်တောဒေသသို့ ကုသမဂ္ဂ၏ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ မစ္စ ယန်ဟီးလီ ဇူလိုင်၁၃ရက်နေ့တွင် ရောက်ရှိမည်ဖြစ်သည်။

ဆရာတော်ဦဝီရသူ မောင်တောဒေသမှပြန်မည့်ရက်ကို အတည်မပြုနိုင်သေးပေ။

အိမ်ထောင်စု ၃၀၀၀ ပြည့်အောင်လှူပြီးမှ ပြန်မည်ဟု ဆရာတော်က မိန့်ကြားထားကြောင်း အနီးနေ တပည့်တစ်ဦးက ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly