မိုက်ကယ် ကာရစ်ကို အသင်းခေါင်းဆောင်အဖြစ် မန်ယူခန့်အပ်

မိုက်ကယ် ကာရစ်ကို အသင်းခေါင်းဆောင်အဖြစ် မန်ယူခန့်အပ်

ဇူလိုင် ၁၂၊ မန်ချက်စတာ။           ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ဝါရင့်ကွင်းလယ်ကစားသမား မိုက်ကယ် ကာရစ်ကို အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်လိုက်သည်။

၂၀၀၆ ကတည်းက ယူနိုက်တက်သို့ရောက်နေသည့် အသက် ၃၅ နှစ်အရွယ်ကာရစ်သည် အသင်းတွင်သက်တမ်းအကြာဆုံး ကစားသမားဖြစ်လာပြီး အဲဗာတန်သို့ပြောင်းသွားသည့်ရွန်နီ၏နေရာတွင် အစားထိုးတာဝန်ယူရခြင်းဖြစ်သည်။

“ဒီလိုကြီးကျယ်ခမ်းနားတဲ့အသင်းရဲ့ အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခွင့်ရလို့ ဂုဏ်ယူပါတယ်။ ကျွန်တော်ဒီမှာ ကြာကြာ ကစားခွင့်ရပြီး အောင်မြင်မှုတွေရလိမ့်မယ်လို့ ဘယ်တုန်းကမှမတွေးမိခဲ့ပါဘူး။ ကျန်ခဲ့တဲ့နှစ်တွေမှာ အသင်းအပေါ်ပိုချစ်လာပြီး အခုနေရာကိုရောက်ရတာကလည်း တကယ့်ကိုထူးရှယ်ပါပဲ။

ပြောဖို့ဆိုဖို့လိုလာ တဲ့အခါ ကျွန်တော်ပြောပါမယ်။ ဒါပေမဲ့ ကျွန်တော်ကတော်တော်အေးအေးဆေးဆေး နေတတ်သူပါ။ ဥပမာကောင်းတစ်ယောက်အနေနဲ့ ဦးဆောင်နိုင်အောင် ကြိုးစားသွားပါမယ်”ဟု ကာရစ်က MUTV သို့ပြောသည်။

ကာရစ်သည် စပါးမှ ပေါင် ၁၈ ဒသမ ၆ သန်းဖြင့်ပြောင်းလာခဲ့ပြီး ယခုနှစ်အစောပိုင်းတွင် ၂၀၁၈ ဇွန်ထိ စာချုပ်သက်တမ်း တိုးထားသည်။

Ref; BBC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly