သမိုင်းဝင် ကုန်သွယ်ရေးစာချုပ် ထိုင်ဝမ်နှင့် ပါရာဂွေး တို့ လက်မှတ်ရေးထိုးမည်

သမိုင်းဝင် ကုန်သွယ်ရေးစာချုပ် ထိုင်ဝမ်နှင့် ပါရာဂွေး တို့ လက်မှတ်ရေးထိုးမည်

ဇူလိုင် ၁၂ ။                ။ နှစ်ဘက်အကြား စီးပွားရေး တိုးမြင့်ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် သမိုင်းဝင် ကုန်သွယ်ရေး သဘောတူညီချက်ကြီးတစ်ခုကို ထိုင်ဝမ်နှင့် ပါရာဂွေးတို့ လက်မှတ်ရေးထိုးသွားမည်ဖြစ်ကြောင်း သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အဆိုပါ သမိုင်းဝင် ကုန်သွယ်ရေး သဘောတူညီချက်ကို ဇူလိုင် ၁၂ ရက်တွင် ထိုင်ပေမြို့၌ နှစ်ဘက်အကြား လက်မှတ်ရေးထိုးနိုင်ဖွယ်ရှိနေကြောင်း ထိုင်ဝမ် စီးပွားရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့သည်။

နှစ်ဘက်အကြား ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်သွားနိုင်ရေးရည်ရွယ်၍ ကုန်သွယ်ရေး၊ ရင်းနှီးမြုှပ်နှံမှုနှင့် အသေးစားနှင့်အလတ်စားလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးရန် စီစဉ်နေခြင်းဖြစ်ကြောင်း ထိုင်ဝမ် စီးပွားရေးရာ ဝန်ကြီးဌာနက ထုတ်ပြန်သည်။

နှစ်ဘက်အကြား အဆိုပါ သဘောတူညီချက် လက်မှတ်ရေးထိုးနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများ အောင်မြင်ပြီးမြောက်ခဲ့ပြီ ဖြစ်ကြောင်း ထိုင်ဝမ်နှင့် ပါရာဂွေး ဘဏ္ဍာရေးဝန်ကြီးများက ယမန်နေ့ ဇူလိုင် ၁၁ ရက်က ထုတ်ပြန်ပြောကြားသွားကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags