ဒေါ်နယ်ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြမှုများ အိမ်ဖြူတော်ရှေ့တွင် ဖြစ်ပွား

ဒေါ်နယ်ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြမှုများ အိမ်ဖြူတော်ရှေ့တွင် ဖြစ်ပွား

ဇူလိုင် ၁၂ ။                       ။ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီရှိ အိမ်ဖြူတော်ရှေ့ဘက်မှာ ဇူလိုင်လ ၁၁ ရက်က ဆန္ဒပြသမားအုပ်စုတစ်စုက ဒေါ်နယ်ထရမ့် ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကို စီစဉ်လုပ်ဆောင်ခဲ့ကြတယ်လို့ သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းတုန်းကတော့ ဒေါ်နယ်ထရမ့်ရဲ့ သားကြီးဖြစ်သူက ၎င်းအနေနဖခင်ဖြစ်သူရဲ့ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ရုရှရှေ့နေတစ်ဦးနဲ့ တွေ့ဆုံဖို့ သဘောတူခဲ့တယ် ဆိုတဲ့အကြောင်းကို ဖွင့်ဟဝန်ခံခဲ့ပြီးနောက် ယခုလို အိမ်ဖြူတော်ရှေ့ ဆန္ဒပြမှုတွေ ပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ထရမ့်ရဲ့ သားကြီးဖြစ်သူ ထရမ့်ဂျူနီယာက ယင်းတွေ့ဆုံမှုကနေတဆင့် ဒီမိုကရက်တစ်ကိုယ်စားလှယ်လောင်း ဟီလာရီအပေါ် အထိနာစေနိုင်မယ့် အချက်အလက်တွေ ရရှိမယ်ဆိုတဲ့   မျှော်လင့်ချက်နဲ့ အတူ တွေ့ဆုံဖို့ သဘောတူခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ခဲ့ပါတယ်။

ထရမ့် ဂျူနီယာရဲ့ အဆိုအရ သူ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၆ ရွေးကောက်ပွဲမဲဆွယ်ကာလအတွင်း ရုရှရှေ့နေနဲ့ တွေ့ဆုံမှု အကြောင်းကို ဖခင်ဖြစ်သူကို မပြောပြခဲ့ဘူးလို့လည်း ဇူလိုင် ၁၁ ရက်က   ပြောဆိုခဲ့ပါသေးတယ်။

ယခုအခါမှာတော့ အိမ်ဖြူတော်ရှေ့ ဆန္ဒပြသူတွေကတော့ အဆိုပါ ရွေးကောက်ပွဲအတွင်း ရုရှအစိုးရနဲ့ ထရမ့် မဲဆွယ်စည်းရုံးရေး တာဝန်ရှိသူတွေ ချိတ်ဆက်ပတ်သတ်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့ ယခုအချိန်မှာ ထရမ့်ကို စုံစမ်းစစ်ဆေးသွားရေး ဆိုင်းပုဒ်တွေ ကိုင်ဆောင်ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly