အကြမ်းဖက်ဝါဒ ဆန့်ကျင်ချေမှုန်းရေး သဘောတူညီချက်တွင် ကာတာလက်မှတ်ရေးထိုး

အကြမ်းဖက်ဝါဒ ဆန့်ကျင်ချေမှုန်းရေး သဘောတူညီချက်တွင် ကာတာလက်မှတ်ရေးထိုး

ဒိုဟာ (ကာတာ)၊ ဇူလိုင် ၁၂ ။              ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တိုင်လာဆန်က ပယ်လယ်ကွေ့နိုင်ငံများကြားရှိ ပဋိပက္ခများကို သံတမန် ရေးဖြင့် ဖြေရှင်းရန်ကြိုးပမ်းခဲ့ပြီးနောက်တွင် ကာတာနိုင်ငံနှင့် အမေရိကန်နိုင်ငံတို့သည် အင်္ဂါနေ့တွင် အကြမ်းဖက်ဝါဒအား တိုက်ဖျက်ချေမှုန်းရေး သဘောတူညီချက်၌ လက်မှတ်ရေးထိုးနိုင်ခဲ့ကြသည်။

ပင်လယ်ကွေ့နိုင်ငံများ၌ ဆွေးနွေးမှုအများအပြား ပြုလုပ်ခဲ့ပြီးနောက်တွင် တိုင်လာဆန်က ကာတာနိုင်ငံသည် ဖြစ်ပွားခဲ့သည့် အငြင်းပွားစရာပြသနာအတွင်း လက်တွေ့ကျပြီး မျှမျှတတဖြစ်ခဲ့ကြောင်း   ပြောခဲ့သည်။

ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ဘာရိန်းနှင့် အီဂျစ်တို့က ကာတာနိုင်ငံသည် အစွန်းရောက်အဖွဲ့များကို ထောက်ပံ့ ပေးနေကြောင်း စွပ်စွဲခဲ့ကြကာ အဆက်အသွယ်ဖြတ်တောက်ခဲ့ကြရာမှ ပဋိပက္ခ စတင်လာခြင်းဖြစ်သည်။

တိုင်လာဆန်သည် ပင်လယ်ကွေ့ဒေသမှ အမေရိကန်၏အရေးပါလှသော မဟာမိတ်နိုင်ငံများအတွင်း ဖြစ်ပွားနေ သော ပြသနာကို ကြားဝင်ဖြေရှင်းပေးနိုင်ရန် ယခုအပတ်အတွင်း ကြိုးစားနေပြီး ကာတာနိုင်ငံကို ပစ်ပယ်ထား သော နိုင်ငံလေးနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးများနှင့်အတူ ဆော်ဒီရှိ ဂျက်ဒါမြို့၌ ဗုဒ္ဓဟူးနေ့တွင် တွေ့ဆုံသွားရန် စီစဉ်ထားသည်။

အင်္ဂါနေ့က ကာတာနိုင်ငံမှ အကြီးတန်းအရာရှိများနှင့်အတူ ဆွေးနွေးခဲ့ပြီးနောက်တွင် တိုင်လာဆန်နှင့် ကာတာ နိုင်ငံခြားရေးဝန်ကြီး ရှိတ်ခ်မိုဟာမက်ဘင်အက်ဘ်ဒူရာမန်အယ်သာနီ တို့သည် အစွန်းရောက်များကိုချေမှုန်းရန် သဘောတူညီခဲ့ကြသည်။

“ကျနော်တို့နှစ်နိုင်ငံဟာ လာမည့်လများ နှစ်များအတွင်း အကြမ်းဖက်အဖွဲ့အစည်းတွေ ငွေကြေးအထောက်အပံ့ မရရှိအောင် နှောင့်ယှက်သွားပြီးတော့ ကမ္ဘာတစ်ဝန်းမှာ အကြမ်းဖက်မှု တန်ပြန်ချေမှုန်းရေးလုပ်ငန်းများကို အရှိန်မြှင့်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု တိုင်လာဆန်က ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly