ဗီတိုလိုနှင့် ဆီဗီလာ ၂၀၂၂အထိ သက်တမ်းတိုး စာချုပ်,ချုပ်ဆို

ဗီတိုလိုနှင့် ဆီဗီလာ ၂၀၂၂အထိ သက်တမ်းတိုး စာချုပ်,ချုပ်ဆို
(ဓာတ်ပုံ - အီးပီအေ)

ဆီဗီလာအသင်းရဲ့ အဓိကတောင်ပံကစားသမား ဗီတိုလိုကို ၂၀၂၀ အထိ သက်တမ်းတိုး စာချုပ်,ချုပ်ဆိုခဲ့ပြီဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ ဂျိုကက်စထရိုက အတည်ပြုခဲ့ပါတယ်။

“ဒီအချိန်မှာ ဗီတိုလိုဟာ ဆီဗီလာကစားသမားတစ်ယောက်အဖြစ် နောက်ထပ် (၅)နှစ် ရှိမယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။"လို့  ဆီဗီလာအသင်းဥက္ကဋ္ဌ ဂျို့စ်ကက်စထရိုက ဆိုခဲ့ပါတယ်။

၂၀၁၃ ခုနှစ်က စပိန်ဒုတိယတန်းအမှတ်ပေးလိဂ် ဆီဂန်ဒါကလပ် လက်စ်ပါးမားအသင်းမှ တဆင့်ပြောင်းရွှေ့လာခဲ့တဲ့ ဗီတိုလိုဟာ ဆီဗီလာအသင်းနှင့်အတူ ယူရိုပါလိဂ်ဖလား ၃ ကြိမ်ရယူခဲ့ပြီး ၄ ရာသီအတွင်း အသင်းအတွက် ပွဲပေါင်း ၁၇၇ ပွဲကစား၊ ၂၈ ဂိုးသွင်းယူကာ ၄၅ ကြိမ် ဂိုးဖန်တီးမှု ပြုလုပ်ခဲ့ပါတယ်။

Ref; Sevilla FC

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags