ဇူလိုင် ၁၁၊ စပိန် ။ ။ ဘိုင်ယန်မြူးနစ်အသင်းသည် ရီးယဲလ်အသင်းမှ ကိုလံဘီယာကွင်းလယ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ၂ ရာသီအငှားစာချုပ်ဖြင့်ခေါ်ယူလိုက်ပြီဖြစ်သည်။
ရိုဒရီဂွက်ဇ်သည် ဆေးစစ်မှုများအောင်မြင်ခဲ့ပါက စာချုပ်တွင်လက်မှတ်ရေးထိုးမည် ဖြစ်သည်။
နည်းပြအန်စလော့တီက ရိုဒရီဂွက်ဇ်ကို အလွန်ခေါ်ယူချင်သောကြောင့် ခေါ်ယူခဲ့ရခြင်းဟု ဘိုင်ယန်အသင်းဥက္ကဌရူမင်နစ်ဂီကဆိုသည်။
`ဒီအပြောင်းအရွှေ့ဖြစ်မြောက်ခဲ့လို့ အလွန်ဝမ်းသာမိပါတယ်။ နည်းပြ အန်စလော့တီက ဂျိမ်းစ်ကိုခေါ်ယူချင်တာကြောင့် ခေါ်ခဲ့တာပါ။ ဂျိမ်းစ်ကြောင့် ဘိုင်ယန်အသင်း ပိုကောင်းလာမှာလားဆိုတာ မေးနေစရာတောင်မလိုပါဘူး´ ဟု ရူမင်နစ်ဂီက ဆိုသည်။
ဂျိမ်းစ်သည် ရီးယဲလ်နှင့်အတူ ၁၁၁ ပွဲ ပါဝင်ကစားခဲ့ပြီး ၃၆ ဂိုးသွင်းကာ ၄၁ ဂိုးဖန်တီးပေးခဲ့သည်။
၂ ရာသီအတွင်း ဂျိမ်းစ်၏ခြေစွမ်းကို ဘိုင်ယန်မြူးနစ်အသင်းမှ ကြိုက်နှစ်သက်ပါက အပြီးသတ်စာချုပ် ချုပ်ဆိုမည် ဖြစ်သည်။
ရည်ညွှန်း-ဘီဘီစီ