အိုင်အက်စ်ကို သစ္စာခံကာ စစ်သင်တန်းလေ့ကျင့်မှုမှတ်တမ်းများ ပေးပို့မည့် အမေရိကန်စစ်သားကို ဖမ်းဆီးစစ်ဆေး

အိုင်အက်စ်ကို သစ္စာခံကာ စစ်သင်တန်းလေ့ကျင့်မှုမှတ်တမ်းများ ပေးပို့မည့် အမေရိကန်စစ်သားကို ဖမ်းဆီးစစ်ဆေး

နယူးယောက်၊ ဇူလိုင် ၁၁ ။          ။ ဟာဝိုင်ယီစစ်အခြေစိုက်စခန်းမှ အမေရိကန်စစ်သားတစ်ဦးသည် အိုင်အက်စ်ကိုသစ္စာခံပြီး မှတ်တမ်းမှတ်ရာများနှင့် စစ်သင်တန်းလေ့ကျင့်မှုများ ပေးပို့ရန် ကြိုးစားမှုဖြင့် ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း FBI က ပြောသည်။

အသက် ၃၄ နှစ်ရှိ အီကိုင်းကာကန်းဆိုသူ အမေရိကန်စစ်သားသည် အသွင်ယူအေဂျင့်တစ်ဦး ရှေ့မှောက် အိုင်အက်စ်ခေါင်းဆောင် ဘဂ္ဂဒါဒီအား သစ္စာခံခဲ့မိပြီးနောက် ဇူလိုင် ၈ ရက်တွင် ၎င်းအား ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"လက်ရှိအထိတော့ ကန်းဟာ တစ်ကိုယ်တော် ဖြစ်နေသေးတယ်လို့ FBI က ယူဆပါတယ်။ ဟာဝိုင်ယီကို ခြိမ်းခြောက်မယ့် အခြားသူတွေနဲ့ ချိတ်ဆက်မိထားတာ မရှိပါဘူး။"ဟု FBI မှတ်တမ်းဖိုင်က ဖော်ပြသည်။

ကန်း၏ အမူအကျင့်များကို နှစ်အတော်ကြာ သံသယဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"သူကို အခြားစစ်သားချင်းအပေါ် သတ်မယ်ဖြတ်မယ် ခြိမ်းခြောက်တဲ့ဖြစ်စဉ်တွေ၊ အိုင်အက်စ်ဖက်က ငြင်းခုံပြောဆိုမှုတွေကြောင့် တပ်တွင်း အပြစ်ပေးမှုတွေ ချမှတ်ခဲ့ရဖူးတယ်။"ဟု မှတ်တမ်းတွင် ဖော်ပြသည်။

ကန်းသည် လေကြောင်းထိန်းချုပ်ရေးအော်ပရေတာအဖြစ် တာဝန်အများဆုံးထမ်းဆောင်ခဲ့ရသူဖြစ်သည်။ ၎င်းသည် အီရတ်တွင် ၂၀၁၀-၁၁ တွင် တစ်နှစ်ခန့် တာဝန်ထမ်းပြီး ၂၀၁၃-၁၄ တွင် အာဖဂန်၌ ကိုးလ တာဝန်ထမ်းခဲ့ဖူးကြောင်း ပင်တဂွန်အရ သိရသည်။

လျှို့ဝှက်အသွင်ယူသတင်းပေးတစ်ဦးကို ကန်းက အော်လန်ဒိုတွင် လူ ၄၉ ဦး သေဆုံးစေသည့် သေနတ်သမား လုပ်ရပ်ကို ၎င်းက လုပ်ဖို့ရှိခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်း၌လည်း ကမ္ဘာတွင် အမေရိကန်ကသာ တစ်ခုတည်းသော အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည်ဟု ပြောဆိုခဲ့ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags